ရိဒ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပိုမို

Fri, 05/13/2016 - 07:24 -- admin_ygn

မြန်မာ- အိန္ဒိယနယ်စပ်ရှိ ရိဒ်ကုန်သွယ်ရေးစခန်းက  ၂၀၁၆ ခုနှစ် ဧပြီလအတွင်း ပို့ကုန်ကန်ဒေါ်လာ ၁  ဒသမ ၁၈၀ သန်း၊ သွင်းကုန် ကန် ဒေါ်လာ သုည ဒသမ ၇၈၁ သန်းဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁ ဒသမ ၉၆၁ သန်းရရှိခဲ့ပါတယ်။ ယမန်နှစ်ကာလတူဖြစ်တဲ့ ဧပြီနဲ့ နှိုင်းယှဉ်ပါက ပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ၄၁၅ သန်း၊ သွင်းကုန် ကန်ဒေါ်လာ သုည ဒသမ ၂၇၄ သန်းပိုမိုခဲ့သဖြင့် ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ သုည ဒသမ ၆၈၉ သန်းပိုမိုခဲ့ပါတယ်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန် ကန်ဒေါ်လာ သုည ဒသမ ၆၃၂ သန်းလျော့နည်းပြီး၊ သွင်းကုန်ကန်ဒေါ်လာ သုည ဒသမ ၂၈၅ သန်း ပိုမိုခဲ့ပါတယ်။ယမန်နှစ်ကာလ တူထက် ကုန်သွယ်မှုပမာဏပိုမိုရခြင်းမှာ ပို့ကုန် ပိုင်းတွင် လယ်ယာထွက်ကုန်ဖြစ်တဲ့ ကွမ်းသီး၊ စက်မှုကုန်ချောဖြစ်တဲ့ မုန့်မျိုး စုံ၊စီးကရက်နဲ့တံမြက်စည်းမွှေးကုန်ကြမ်းတို့ ပိုမိုတင်ပို့နိုင်ခဲ့လို့ ဖြစ်ပါတယ်။သွင်းကုန်ပိုမိုရခြင်းမှာ လုပ်ငန်းသုံးကုန်ကြမ်းဖြစ်တဲ့ ဓာတ်မြေသြဇာ၊ နိုင် လွန်ချည်နဲ့ လူသားဆံပင်တို့ပိုမို တင်သွင်းခဲ့၍ဖြစ်ပါတယ်။ရိဒ်ကုန်သွယ်ရေးစခန်းရဲ့ ၂၀၁၆ ခုနှစ် ဧပြီလ အများဆုံးပို့ကုန် မှာ ကွမ်းသီးဖြစ်ပြီး အများဆုံးသွင်းကုန် မှာ နိုင်လွန် ချည်ဖြစ်ပါတယ်။
                    
ခင်မြနွယ်

Border Trade News

Pages