ယမန်နှစ် ကာလတူထက် သွင်းကုန်လျော့နည်းသော်လည်း ပို့ကုန်ပိုမို

Thu, 07/28/2016 - 08:51 -- admin_ygn

ယခုဘဏ္ဍာနှစ်  ဇူလိုင် ၉ရက်မှ ၁၅ရက်အထိ  ရက်သတ္တပတ်အတွင်း ပို့ကုန်၊သွင်းကုန် အခြေအနေမှာ ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၇၇ဒသမ ၀၉၂သန်း၊ သွင်းကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ ၃၀၉ဒသမ ၀၄ သန်း ဆောင်ရွကေ်နိုင်ခဲ့တဲ့အတွက် ကုန်သွယ် မှုပမာဏ အမေရိကန် ဒေါ်လာ ၅၈၆ ဒသမ၁၃၂သန်း ရရှိခဲ့ပါတယ်။ ကုန် သွယ်မှု လိုငွေမှာ ၃၁ ဒသမ ၉၄၈ သန်း ဖြစ်ပြီး ဆန်နဲ့ မတ်ပဲတင်ပို့မှုလျော့နည်း ခဲ့ခြင်းကြောင့် ဖြစ်ပါ တယ်။ယခု ရက်သတ္တပတ်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ပို့ ကုန် ၁၄၆ဒသမ ၅၀၂သန်းနဲ့ ကုန်သွယ် ရေးစခန်းများမှ ကုန်သွယ်မှုမှာ ၁၃၀ ဒသမ ၅၉သန်း ဆောင်ရွက်နိုင်ခဲ့ပြီး၊ ပို့ကုန်စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၇၇ ဒသမ ၀၉၂သန်း၊ သွင်းကုန်မှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ၂၅၁ ဒသမ ၁၃သန်းနဲ့ ကေုန်သွယ်ရေး စခန်းများမှ ၅၇ဒသမ ၉၁သန်း စုစု ပေါင်း အမေရိကန်ဒေါ်လာ၃၀၉ဒသမ ၀၄သန်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်စမှ ဇူလိုင် ၁၅ရက်အထိ ပို့ကုန် တင်ပို့ နိုင်မှုမှာ ပင်လယ်ရေကြောင်း ကုန်သွယ် မှုမှ အမေရိကန်ဒေါ်လာ ၁၈၂၄ ဒသမ ၁၃သန်း၊ ကုန်သွယ်ရေးစခန်းများမှ ၁၁၄၇ ဒသမ ၂၅၆သန်း၊ပို့ကုန် စုစု ပေါင်း အမေရိကန်ဒေါ်လာ ၂၉၇၁ ဒသမ ၃၈၆သန်း၊ သွင်းကုန်မှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃၆၂၀ ဒသမ ၅၉၆သန်း၊ ကုန်သွယ်ရေးစခန်းများမှ ၇၂၁ဒသမ၃၁၈သန်း သွင်းကုန် စုစု ပေါင်း အမေရိကန်ဒေါ်လာ ၄၃၄၁ ဒသမ ၉၁၄သန်း၊ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၇၃၁၃ ဒသမ ၃သန်း အကောင်အထည်ဖော် ဆောင် ရွက်ခဲ့ပြီး ဖြစ်ပါတယ်။
ယမန်နှစ်ကာလတူနဲ့ နှိုင်းယှဉ် ပါက ပို့ကုန်အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၃၃၅သန်း အသာစီးရနေပြီး သွင်းကုန်မှာ ၅၃၉ ဒသမ ၅၇၇ သန်း လျော့နည်းခဲ့ပါတယ်။ ထိုသို့ သွင်းကုန် လျော့နည်းရခြင်းမှာပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ ၅၆၆ ဒသမ ၉၂၇သန်း လျော့နည်းပြီး ကုန်သွယ်ရေး စခန်းများမှ ၂၇ ဒသမ ၃၅သန်း ပိုမိုခဲ့တဲ့ အတွက် ဖြစ်ပါတယ်။ ဒါကြောင့် ကာလတူထက် ကုန်သွယ်မှုပမာဏအမေရိကန် ဒေါ်လာ ၅၀၂ ဒသမ ၂၄၂သန်း လျော့နည်းနေကြောင်း စာရင်းဇယားများအရ သိရှိရပါတယ်။
ယဉ်ယဉ်အေး

 

 

Border Trade News

Pages