မြိတ်နယ်စပ်မှ ဒီဇင်ဘာလအတွင်း ကဏန်းမျိုးစုံတင်ပို့

Tue, 01/20/2015 - 14:35 -- admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၉၃၂ သန်းတန်ဖိုးရှိ ကဏန်းမျိုးစုံ တန်ချိန် ၂၁၀ ကျော်တင်ပို့နိုင်ခဲ့ပါ တယ်။
    မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလအတွင်းကဏန်း မျိုးစုံဖြစ်သောကဏန်းပျော့ ၅၆ တန် ကျော် ကဏန်းသေး (အသေ)  ၄တန် ကျော်၊ သဲကဏန်း ၄ တန်ကျော်နဲ့ ကဏန်းနီ  ၁၄၅ တန်ကျော် တင်ပို့နိုင်ခဲ့ တဲ့အပြင် ရေထွက်ကုန်များဖြစ်သော ရေငန်ပုစွန်  ၁၃၅ တန်ကျော်၊ ကင်းမွန် တန် ၁၂၀ ကျော်၊ ငါးခြောက် ၆ တန်၊ ငါးမျိုးစုံ ၅၈၈၄ တန်ကျော်၊ ငါးမှုန့်  ၁၄၈၀ တန်၊ ငါးအသားလွှာ ၄၈ တန်၊ ပုစွန်  ၁၇ တန်ကျော်၊ ပုစွန်ခြောက် ၇ တန်ကျော်၊ ရေခူခြောက် ၈ တန်ကျော်နဲ့ ကင်းမွန်ခြောက်  ၃ တန် တင်ပို့နိုင်ခဲ့ပါ တယ်။ ယခုတစ်ပတ်အတွင်းမှာလည်း ကန်ဒေါ်လာ  ၁ ဒသမ  ၀၀၅ သန်း တန်ဖိုးရှိ ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ  ၉၂၃ တန်ကျော်၊ ရေငန်ပုစွန်  ၁၅ တန်ကျော်၊ သဲကဏန်း  ၁ တန်ကျော်နဲ့ ကင်းမွန်အနည်းငယ်တင်ပို့နိုင်ခဲ့ပါတယ်။

ခင်မြနွယ် MIRT (DCCA)

Border Trade News

Pages