မြဝတီကုန်သွယ်ရေးဇုန်မှအနီးစပ်ဆုံးကာလထက်ရော ယမန်နှစ် ကာလတူထက်ပါ ကုန်သွယ်မှုပိုမို

Fri, 07/08/2016 - 08:54 -- admin_ygn

မြန်မာ-ထိုင်းနယ်စပ်ဖြစ်တဲ့ မြဝတီကုန်သွယ်ရေးဇုန်မှ မေလအတွင်း ကုန်သွယ်မှု ဆောင်ရွက်နိုင်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၄၅၃ သန်းဖြစ်ပြီး အနီးစပ်ဆုံးကာလထက် အမေရိကန်ဒေါ်လာ ၄၂ ဒသမ  ၇၃၅ သန်း ပိုမိုဆောင်ရွက်ခဲ့ပါတယ်။ အနီးစပ်ဆုံး ကာလထက် ကုန်သွယ် မှုပိုမိုရခြင်းမှာ ပို့ကုန်ပိုင်းမှာ လယ်ယာထွက်ကုန် အမေရိကန် ဒေါ်လာ ၂ ၂ဒသမ ၂၈၉ သန်း၊ ရေထွက်ကုန် အမေရိကန်ဒေါ်လာ သုည ဒသမ ၂၀၃ သန်း၊ တိရစ္ဆာန်ထွက်ပစ္စည်း အမေရိကန်ဒေါ်လာ သုည  ဒသမ ၀၄၈ သန်း၊ စက်မှုကုန်ချော အမေရိကန်ဒေါ်လာ သည ဒသမ ၀၃၂ သန်းနဲ့ အခြားပစ္စည်း အမေရိကန်ဒေါ်လာသုည ဒသမ ၁၄၀ သန်းပိုမိုခဲ့ပြီး သွင်းကုန်ပိုင်းတွင် လည်း ရင်းနှီးမြှုပ်နှံမှုပစ္စည်းများဖြစ်တဲ့ ငါးဖမ်းပိုက်၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ လယ်ထွန်စက်များ၊ လယ်ယာသုံး နောက်တွဲ ယာဉ်များ၊တယ်လီဖုန်းနဲ့ အပိုပစ္စည်းများ၊ ရုပ်မြင်သံကြားစက်၊ ဓာတ်အား ဖြန့်ဖြူး တပ်ဆ င်ရေးလုပ်ငန်း များ၊ တွင်းထွက်သတ္တုမှအပ ဆောက်လုပ် ရေးပစ္စည်းများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ စက်ဘီးအပိုပစ္စည်းများနဲ့ အခြားပစ္စည်းများ ပိုမိုတင်သွင်းခြ င်းကြောင့် ဖြစ်ပါတယ်။  မြဝတီ ကုန်သွယ်ရေးဇုန် ရဲ့ မေလအတွင်း အများဆုံးပို့ကုန်များမှာ ပဲတီစိမ်း၊ မြေပဲဆန်၊ ငရုတ်သီးခြောက်၊ မတ်ပဲ၊ ငါးမျိုးစုံတို့ဖြစ်ပြီးအများဆုံး သွင်း ကုန်များမှာ သကြား၊ မော်တော်ဆိုင်ကယ်၊Light  Truck  Isuzu 2005? OT -Sponsor  Electrolyte   ? Combine Harvester DC  70  တို့ဖြစ်ကြောင်း သတင်းရရှိပါတယ်။

    ခင်မိုးသူ

Border Trade News

Pages