မြန်မာ-တရုတ်နယ်စပ်မှ ဖရဲသီးတန်ချိန်သုံးသောင်းနီးပါးတင်ပို့

Wed, 03/08/2017 - 08:04 -- admin_ygn

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ကန်ပိုက်တီ စခန်းစုံမှ ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၂ ဒသမ ၈၀၅ သန်းတန်ဖိုးရှိ ဖရဲသီး ၂၉၁၇၂ တန်ခွဲကို တရုတ်နိုင်ငံသို့  တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုမှာ မူဆယ်မှ ၂၇၅၈၀ တန်၊ လွယ်ဂျယ်မှ  ၃၆၄ တန်၊ ချင်းရွှေဟော်မှ ၁၈ တန်ခွဲနဲ့ ကန်ပိုက်တီမှ ၁၂၁၀ တန်  ဖြစ်ပါတယ်။ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ သုည ဒသမ ၈၂၂ သန်းတန်ဖိုးရှိ သခွားမွှေး ၄၀၃၀ တန်ကိုလည်း တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က အဆိုပါစခန်းလေးခုပေါင်းမှ ဖရဲသီး ၂၆၆၂၆ တန်ခွဲနဲ့ သခွားမွှေး ၁၁၅၀ တန် သာတင်ပို့ခဲ့တဲ့အတွက် ယခုတစ် ပတ်မှာ ဖရဲသီး ၂၅၄၆ တန်၊ သခွားမွှေး ၂၈၈၀ တန်ပိုမိုတင်ပို့နိုင်တာ တွေ့ရ ပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ သုည ဒသမ ၁၅၄ သန်းတန်ဖိုးရှိ နာနတ်သီးနဲ့ ထောပတ်သီးတန် ၁၀၀စီ၊ လိမ္မော်သီးတန် ၆၆၀ တို့ကို တစ်ဖက်အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ကြောင်း၊ ယခင်တစ်ပတ်က ထောပတ် သီးတန် ၁၀၀ သာတင်ပို့ခဲ့ကြောင်း သိရပါတယ်။
       မော်မော်အောင်

Border Trade News

Pages