မူဆယ်မှပရဆေး ကုန်ကြမ်းလျော့နည်းတင်ပို့

Tue, 10/30/2018 - 06:41 -- admin_ygn

         မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၆ ရက်မှ ၁၂ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ၅၀၄ သန်း တန်ဖိုးရှိ ပရဆေး ကုန်ကြမ်း အမယ် ၁၂ မျိုးကို တန်ချိန်အားဖြင့် ၆၀၅ တန်ကျော် တင်ပို့ခဲ့ရာ ယခင်တစ်ပါတ်က တင်ပို့ခဲ့တဲ့ ၈၀၇ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ၂၀၂ တန် လျော့ နည်းတင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ် တင်ပို့ခဲ့တဲ့ ပရဆေးအမယ်များမှာ သီဟိုဋ်စေ့၊ နေလဲစေ့၊ ကြောင်ပန်းစေ့၊ မိကျောင်းကွမ်း ဖတ်စေ့၊ ကွမ်းသီးခွံ၊ ကွမ်းစားဂမုန်း၊ နနွင်းခေါင်း၊ ဆီးဆန် ၊ ဆီးခွဲခြမ်း၊ ဆီးသီးခြောက်၊ ရွေးရွက်နဲ့ ချဉ်ပေါင်ဖာလာ (အခွံပါ) တို့ ဖြစ်ပါတယ်။
မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်ကုန်သွယ်ရေးစခန်းမှလည်း အဆိုပါ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ဝ၀၇ သန်း တန်ဖိုးရှိတောင်လုံးကျော် ၄၀၁ ကီလိုဂရမ်ကို မြန်မာနိုင်ငံသို့ တင်သွင်းလာခဲ့ပါတယ်။
မော်မော်အောင်

Border Trade News

Pages