ဘိလပ်မြေဈေးကွက်ရောင်းအားတက်

Wed, 01/18/2017 - 08:52 -- admin_ygn

ဇန်နဝါရီ  ၁  ရက်မှ ၇ ရက် အထိ သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေအဝင် တန်ချိန်၂၂၃၇၀ ကျော် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ယခင် တစ်ပတ်က ဝင်ရောက်ခဲ့တဲ့ တန်ချိန် ၈၂၀၀ ကျော်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၁၄၀၀၀ ကျော် အဝင်ပိုခဲ့ပါတယ်။ ဒီတစ်ပတ် နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၉၄၀၀ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၃၀၃၅၀ ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၂၀၉၀၀ ကျော်အဝင်လျော့ခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှအဝင်ပိုခဲ့ပြီး   နယ်စပ်လမ်းမှ ဘိလပ်မြေ အဝင်လျော့ခဲ့ပါ တယ်။
ရန်ကုန်ဘိလပ်မြေဈေးကွက်မှာ   အရောင်းအဝယ်သွက်ပြီး ဈေးငြိမ်ခဲ့တယ် လို့ သိရပါတယ်။ ဈေးကွက်ထဲ ဆင်(ထိုင်း)ကပစ္စည်း အဝင်ရှိလာတယ်လို့ သိရပါ တယ်။ အထိုင်ဈေးနဲ့ အရောက်ဈေးက ကျပ် ၁၅၀ ဝန်းကျင်ကွာဟတယ်လို့ သိရပါ တယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ အထိုင်ဈေးမှာ ဆင်(ထိုင်း)ကျပ် ၅၈၀၀၊ စိန်(ထိုင်း) ကျပ်  ၅၆၀၀၊ မော်လမြိုင် ဆင် ကျပ် ၄၉၀၀၊ ကြံ့နှစ်ကောင်(နီ) ကျပ် ၅၃၀၀၊ ကြံ့နှစ်ကောင်(စိမ်း) ကျပ် ၅၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘုရင့်နောင်ပွဲရုံတန်း အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ သိရှိရပါတယ်။
မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ပွင့်လင်းရာသီကြောင့် နယ်ဘက်အဆွဲ ရှိတာကြောင့် ရောင်းအားတက်တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ ရောင်းအား တက်ပေမယ့်  ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ် နေတဲ့ဈေးမှာ ဆင်(ထိုင်း)  ကျပ် ၅၃၀၀၊ စိန်(ထိုင်း) ကျပ် ၅၂၅၀၊ ကြံ့(မြိုင်ကလေး) ကျပ် ၄၆၅၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့  အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး ဆိုင်မှ စုံစမ်းသိရပါတယ်။
မန္တလေးဘိလပ်မြေဈေးကွက်မှာ ပွင့်လင်းရာသီဥတုကြောင့် အရောင်းအဝယ် က သွက်ပေမယ့် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ် နေတဲ့ ဈေးမှာ အေသုံးလုံး ကျပ် ၄၄၀၀၊ မြန်မာဆင် ကျပ် ၄၁၀၀၊ ဆင်(ထိုင်း) ကျပ် ၆၇၀၀၊ စိန်(ထိုင်း) ကျပ် ၆၈၀၀၊ ဆင်မင်း ကျပ် ၄၂၀၀၊ ကျားခေါင်း ကျပ် ၄၀၀၀၊ မြင်းခေါင်း ကျပ် ၄၅၀၀နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်းရောင်း ဝယ်ရေးဆိုင်မှ စုံစမ်းသိရပါတယ်။

Border Trade News

Pages