ဘင်္ဂလားဒေ့ရှ်နဲ့ စင်ကာပူသို့ နနွင်းတန်ချိန် ၂၁၀ ကျော်တင်ပို့

Fri, 05/13/2016 - 07:20 -- admin_ygn

ဧပြီ ၂၄ ရက်မှ ၃၀ ရက်သီတင်းပတ်အတွင်း နနွင်း ၂၁၉ တန်ကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ဒီတစ်ပတ်မှာ ဘင်္ဂလားဒေ့ရှ်သို့ ၁၁၂ တန်နဲ့ စင်ကာပူသို့ ၁၀၇ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်မှာ ၉၆ တန်သာ  တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ယှဉ်ရင်  တန်ချိန် ၁၂၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ ဒီတစ်ပတ် နနွင်းတင်ပို့မှုမှ ကန်ဒေါ်လာ ၁၅၉၁၅၀ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။
လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် မတ်လမှာ နနွင်းစုစုပေါင်း ၁၅၈၆ တန်ချိန် တင်ပို့နိုင်ခဲ့ပြီး  ဧပြီလမှာ တန်ချိန်စုစုပေါင်း၁၁၇၀ကျော်တင်ပို့နိုင်ခဲ့တာကြောင့် တန်ချိန် ၄၁၀ကျော်တင်ပို့မှုလျော့ခဲ့ တယ်လို့ သိရပါတယ်။

သီတာဝင်း(MIRT)

Border Trade News

Pages