ပြည်မတ်ပဲဈေး အေးသည်ထက်အေးလာ

Tue, 07/18/2017 - 07:59 -- admin_ygn

ပြည်ပဲမျိုးစုံ ဈေးကွက်မှာ ပဲသီးနှံ အားလုံးလိုလို ဈေးအေး နေတာကြောင့် ပြည်ပဝယ်လို အားရှိသောပဲများပင်လျှင် ဈေး အေးနေခဲ့သလို အရောင်းအဝယ် လည်း အေးနေခဲ့တာကို တွေ့ရပါ တယ်။မတ်ပဲသီးနှံမှာ ပဲအဝင်ပါးလာပြီး ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတ လည်၊ ပြည်အနီးတစ်ဝိုက်မှ ဝင်ရောက် လျက်ရှိပေမယ့် အိတ် ၁၅၀ မှ ၂၀၀ ခန့် သာ  ဝင်ရောက်မှုရှိခဲ့ကာ ရန်ကုန်ဝယ် လက်မှ ဝယ်ယူခဲ့မှုအပေါ်  အိတ် ၂၀၀ ကျော် ၃၀၀ ရောင်းချခဲ့ပါတယ်။ပဲဈေးမှာ ဈေးဆက်အေးလျက်ရှိ တာကြောင့် တစ်တင်းကျပ် ၂၇၇၀၀သာ ရှိပြီး ယခင်တစ်ပတ်က ဈေးထက်ပင် အနည်းငယ်  ထပ်မံကျဆင်းသွားခဲ့ပါ တယ်။ ယခုနှစ်အတွင်းမတ်ပဲ သီးနှံဈေး ဟာ ဈေးမြင့်လာခြင်း မရှိခဲ့ဘဲ တဖြည်း ဖြည်း ဈေးအေးသည်ထက် အေးနေခဲ့လို့ ပဲစိုက်တောင်သူအချို့နှင့်  လှောင်လက် သမားများ ထုတ်ရောင်းမှုနည်း နေခဲ့တာ ကိုလည်း တွေ့ရပါတယ်။

 ခင်ဆွေဝင်း

Border Trade News

Pages