ပြည်တွင်းသို့ဆိုင်ကယ်များပိုမိုတင်သွင်း

Mon, 03/13/2017 - 07:34 -- admin_ygn

ဖေဖော်ဝါရီလ ၂၅ ရက်မှ မတ်လ ၃ ရက်အထိ သီတင်းပတ်အတွင်း ကုန်သွယ်ရေးစခန်းများနဲ့ ကုန်သွယ်ရေးဇုန်များမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၄၂၃ သန်းတန်ဖိုးရှိ ဆိုင်ကယ်မျိုးစုံ ၁၂၁၆၁ စီးကိုတင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်က ၁၁၉၀၂ စီး တင်သွင်းခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၂၅၉စီး ပိုမို တင်သွင်းနိုင်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ ကန်ပိုက်တီကုန်သွယ် ရေးစခန်းများမှ ဆိုင်ကယ်တင်သွင်းမှုမရှိသော်လည်း မူဆယ်ကုန်သွယ်ရေးဇုန်မှ ပိုမို တင်သွင်းခဲ့တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
တင်သွင်းမှုကိုကြည့်ပါက မူဆယ်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၈၉ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၁၀၈၃၁ စီး၊ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၂၃ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၁၃၂၁ စီး၊ တမူး ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၁၁ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၉ စီးကို တင်သွင်းခဲ့တယ်လို့ သတင်းရရှိပါတယ်။    

    ခင်မိုးသူ

 

Border Trade News

Pages