ပြည်ကြက်သွန်ဖြူဈေးကွက်တွင် ဈေးအနည်းငယ်မြင့်တက်

Tue, 07/05/2016 - 08:09 -- admin_ygn

ပြည်ဈေးကွက်သို့ ကြက်သွန်ဖြူအိတ်တွေ အဝင်ပုံမှန်ရှိနေပြီး အရောင်းအဝယ်အေးနေပါတယ်။ အရောင်းအဝယ် အေး ပေမယ့်လည်း ဝင်လာတဲ့ ကြက်သွန်ဖြူဈေးကတော့ ယခုတစ်ပတ်မှာ တစ်ပိဿာကို ကျပ် ၁၀၀ မှ ၂၀၀ အထိ ဈေးထပ်မံမြင့် တက်နေပါတယ်။(ပွဲရုံဈေး) ကြူကုတ်တစ်ပိဿာလျှင် ကျပ် ၃၄၀၀၊ လက်လီတစ်ပိဿာ ကျပ် ၃၈၀၀ မှ ၄၀၀၀ အထိရောင်းချပြီး၊ (ရှမ်းစ) ပွဲရုံဈေး ကျပ် ၃၇၀၀ နှင့် လက်လီကျပ် ၄၀၀၀ တို့ရှိပါတယ်။ တရုတ်ပြည်ဘက်မှ
 ဝင်ရောက်လာတဲ့ ကြက်သွန်ဖြူ (ကြူကုတ်စ) တွေက အဝင်အနည်းအများကြောင့် မဟုတ်ဘဲ တရုတ်ငွေကြေး(ယွမ်) ဈေးတက်နေတာကြောင့် ဈေးနှုန်းတွေမြင့်နေတာဖြစ် ကြောင်းလည်း သိရပါတယ်။   

                                                                                                                      

          နီနီဝင်း

Border Trade News

Pages