ဒီဇင်ဘာလအတွင်း ညောင်ခါးရှည် Mobile Team မှ တရားမဝင်ကုန်ပစ္စည်း ခန့်မှန်းကျပ်သန်း ၄၂၀ ကျော်ဖိုးသိမ်းဆည်းရမိ

Tue, 01/13/2015 - 14:29 -- admin_ygn

   ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ညောင်ခါးရှည်မှာ ယာယီအခြေပြု၍ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရေးတာဝန်ထမ်းဆောင်နေသော Mobile Team အဖွဲ့ဟာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ကျပ် ၄၂၁ သန်းကျော်တန်ဖိုးရှိ တရားမဝင်ကုန်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။
   သိမ်းဆည်းရမိပစ္စည်းများမှာ စားသောက်ကုန် (အချိုရည်မျိုးစုံ၊ ပဲနို့၊ ခရုဆီ၊ ကြာဇံခြောက်၊ ခေါက်ဆွဲခြောက်၊ အချိုမှုန့်၊ ကော်ဖီ၊ စားဆီပုံးဝါ၊ အိုဗာတင်း၊ လစ်ပို၊ မိုင်လို၊ Sauce (Chilli / Tomato)၊ ကညွတ်၊ မုန်လာဥနီ၊ ပန်းပွင့်စိမ်း၊ မှို၊ သရက်သီး၊ သံပုရာသီး၊ ငါးသေတ္တာ၊ အုန်းနို့သံဗူးစသည်များ) ၊ အလှကုန်၊ အထည်အလိပ်၊ ဖိနပ်၊ လျှပ်စစ်ပစ္စည်းမျိုးစုံ၊ ကားအပိုပစ္စည်း၊ ပိုးသတ်ဆေး၊ စလောင်းဗန်းနဲ့ ဆက်စပ်ပစ္စည်း Speaker စသည်များ ခန့်မှန်းတန်ဖိုးကျပ် ၂၁၆ ဒသမ ၂၉၇ သန်း အမှုတွဲ ၇၉ ခု နဲ့ ဖွင့်လှစ်သိမ်းဆည်းအရေး ယူခဲ့ရတယ်လို့သတင်းရရှိပါတယ်။ ဒါ့အပြင် မော်လ မြိုင်-ရန်ကုန်အမှတ် ၉၀ အစုန်မြန်ရထားပေါ်မှ တရားမဝင်သယ်ဆောင်လာတဲ့ ကန့်သတ်ကုန် ဘီယာ၊ ကွမ်းစားဆေး အကောက်ခွန်မဲ့လုပ်ငန်းသုံးအိမ်သုံးပစ္စည်းများ ခန့်မှန်းတန်ဖိုးကျပ် ၁၄၇ ဒသမ ၅၂၈ သန်းဖိုးလည်း သိမ်းဆည်းရမိခဲ့တဲ့အတွက် ဒီဇင်ဘာလအတွင်း ညောင်ခါးရှည် Mobile Team မှကျပ်သန်း ၄၂၀ ကျော်ဖိုးသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။

DCCA

Border Trade News

Pages