ထိုင်းမြန်မာနယ်စပ်ချစ်ကြည်ရေးတံတားဖွင့်ချိန်တိုးမြှင့်သတ်မှတ် လိုက်တဲ့အတွက် ကုန်သွယ်မှုနဲ့ခရီးသွားကဏ္ဍ ကိုမြင့်တက်စေနိုင်

Wed, 01/21/2015 - 10:25 -- admin_ygn

   ထိုင်းမြန်မာနှစ်နိုင်ငံမှ တာဝန်ရှိ သူများသည် မြဝတီနဲ့ မဲဆောက်ရှိ ထိုင်း မြန်မာချစ်ကြည်ရေး တံတားဖွင့်လှစ်ချိန်ကို ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ တိုးမြှင့်သတ်မှတ်ပေးလိုက် ပြီဖြစ်ပါတယ်။ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုပမာဏမြှင့်တက်ရန်နဲ့ ခရီးသွားများဝင်ထွက်မှုများပြားစေရန် ရည်ရွယ်ပြီးယခုကဲ့သို့ ချစ်ကြည်ရေးတံတားဖွင့်လှစ်ချိန်ကို တိုးမြှင့်ပေး လိုက်တာဖြစ်ပါတယ်။ ယခင် ကတံတားဖွင့်လှစ်ချိန်မှာ နံနက် ၀၆း၀၀ မှ ညနေ ၆း၀၀ ချိန်ထိ ဖြစ်ပြီး ယခုအခါ ဇန်နဝါရီလ ၅ ရက်နေ့မှစပြီး နံနက် ၀၅း၀၀ မှ ည ၈း၀၀ ချိန်ထိ တိုးမြှင့် ဖွင့်လှစ်ပေးလိုက်တာဖြစ်ပါတယ်။ ယခုလို ချစ်ကြည်ရေးတံတားဖွင့်လှစ်ချိန် တိုးမြှင့်ပေးလိုက်တဲ့အတွက် နှစ်သစ်ကူးကာလမှာ ကုန်သည်တွေ ကုန်ရောင်းကုန်ဝယ်ပြု လုပ်သူတွေဟာ နံနက်ပိုင်းမှာ မဲဆောက်ကို ဈေးသွားဝယ်ပြီး ညနေပိုင်းမှာ နေ့ချင်းပြန်လာလို့ရနေပြီဖြစ်ပါတယ်။
   ခရီးသွားအရေအတွက်လည်း တိုးလာကြောင်း၊ ဗီဇာ၊ နိုင်ငံကူးလက်မှတ်တို့ ကိုင်ဆောင်ထားတဲ့ ခရီးသွားများလည်းတံတားမပိတ်ခင် အချိန်ထိ ထိုင်းနိုင်ငံသို့ သွားရောက်နိုင် ပြီဖြစ်ကြောင်း၊ ကုန်တင်ယာဉ်များဝင်/ထွက်မှုကတော့ သိသိသာသာတိုးမလာသေးကြောင်း၊ အကြောင်းကတော့ နှစ်သစ်ကူးရုံးပိတ်ရက်ရာသီ (Holiday season) နဲ့ တိုက် ဆိုင်နေတဲ့အတွက်လို့ မြဝတီဒေသခံတစ်ဦးထံက သိရပါတယ်။
  ယခုလိုချစ်ကြည်ရေးတံတားဖွင့်ချိန်တိုးပေးလိုက်တဲ့အတွက် ကုန်သည်နဲ့ခရီးသွားများသာမက တစ်ဖက်နိုင်ငံမှာအလုပ်သွားရောက်လုပ်ကိုင်သူများအတွက်လည်းအဆင်ပြေစေ တယ်လို့သိရပါတယ်။ ယခင်က အချိန်ပိုအလုပ်ဆင်းပြီး မြဝတီကိုပြန်လျှင် လှေစီးပြန်ခဲ့ရသော်လည်း ယခုအခါ ည ၈ နာရီအထိဖွင့်ထားတဲ့အတွက် ချစ်ကြည်ရေး တံတားက ပဲ ပြန်ဝင်လာလို့ရနေပြီလို့ တစ်ဖက်နိုင်ငံမှာ အလုပ်သွားလုပ်တဲ့အလုပ်သမားတစ်ဦးထံကသိရပါတယ်။

တိမ်ကင်းစင်

Border Trade News

Pages