ထိုင်းနိုင်ငံ Sri Trang ရော်ဘာကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှု တိုးချဲ့မည်

Tue, 05/30/2017 - 07:41 -- admin_ygn

ထိုင်းနိုင်ငံတွင်  ရော်ဘာစိုက်ပျိုး ရေးနှင့် ရော်ဘာပစ္စည်း အမျိုးမျိုးကို  ထုတ်လုပ်လျက်ရှိသည့် Sri Trang Agro-Industry Plc (STA)  သည် ရော်ဘာပစ္စည်း ထုတ်လုပ်မှုအပိုင်း (Midstream Rubber Production)  ကို မြှင့်တင်ရန်အတွက် ဘတ်နှစ်ဘီလီယံ တိုးချဲ့ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။
STA ကုမ္ပဏီကို ၁၉၈၇ ခုနှစ် ဧပြီလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ဆောင်ခလာ ပြည်နယ်တွင်   တည်ရှိပါသည်။   ထိုင်းနိုင်ငံတွင် အကြီးဆုံး ရော်ဘာကုမ္ပဏီတစ်ခုဖြစ်ပြီး ရော်ဘာအမျိုးမျိုးထုတ် လုပ်သည့်လုပ်ငန်းအပြင်  ရော်ဘာ ရိုင် ၅၀၀၀၀ (တစ်ရိုင် = သုည ဒသမ ၃၉၅ ဧက)ကိုလည်း စိုက်ပျိုးထားပါသည်။ ှSTA  သည် ထိုင်း နိုင်ငံ၏ စတော့အိတ်ချိန်းအပြင် စင်ကာပူစတော့အိတ်ချိန်းတွင် လည်း စာရင်းဝင်သည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။
STA ကုမ္ပဏီသည် တစ်နှစ်လျှင် ရော်ဘာတန်ချိန် ၂ ဒသမ ၄ သန်းထုတ်လုပ်ရာမှ  တန်ချိန် ၂ ဒသမ ၉ သန်းသို့ တိုးတက် ထုတ်လုပ်ရန်အတွက် ရင်းနှီးမြှုပ်နှံမှု  တိုးချဲ့ခြင်းဖြစ်ကြောင်း၊ ပြည်တွင်းနှင့် အင်ဒိုနီးရှားနိုင်ငံတွင် ကုန်ထုတ်စွမ်းအားကို မြှင့် တင်မည်ဖြစ် ကြောင်း၊ သဘာဝရော်ဘာထုတ်လုပ်မှုအတွက် ပြည် တွင်းကုန်ထုတ်စွမ်းအားကိုသာ မြှင့်တင်မည်ဖြစ်ပါသည်။
ယခုနှစ်တွင် ကမ္ဘာ့ရော်ဘာ ဝယ်လိုအား  တိုးတက်မည်ဟု ခန့်မှန်းထားပါသည်။ ၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့ရော်ဘာ ဝယ်လိုအား သည် တန်ချိန် ၁၂ ဒသမ ၅ သန်းရှိရာမှ ၂၀၁၇-၂၀၁၉ ခုနှစ် အတွင်း လေးရာခိုင်နှုန်းတိုးတက်မည်ဖြစ်ပြီး၊ ၂၀၁၇ ခုနှစ်တွင် တန်ချိန်စုစုပေါင်း ၁၃ သန်းသို့  မြင့်တက်လာမည်ဖြစ်ကြောင်း၊ ကုမ္ပဏီအနေဖြင့် ကမ္ဘာ့ရော်ဘာဈေးကွက်သို့  တန်ချိန် ၁ ဒသမ ၇  သန်းရောင်းချရန်   မျှော်မှန်းထားကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့ရော်ဘာဝယ်လိုအားသည် တန်ချိန် ၁၃ ဒသမ ၉ သန်းသို့ ရောက်ရှိ၍STA သည် ကမ္ဘာ့ရော်ဘာဈေးကွက်၏ ၂၀ ရာခိုင် နှုန်းထိရရှိရန် မျှော်မှန်းထားကြောင်းMr.Veerasith က ပြော ကြားခဲ့ပါသည်။
STA၏ ရော်ဘာထွက်ကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်မှု အပိုင်း (Downstream  Rubber Production) သည် အရေအတွက် ၁၄ ဘီလီယံရှိပြီး ကုမ္ပဏီဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းကို ဖြည့်ဆည်း ပေးလျက်ရှိပါသည်။ ှွှဗကုမ္ပဏီသည် ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံနှင့် မြန်မာ နိုင်ငံတို့တွင် စက်ရုံပေါင်း ၃၅ ရုံကို ဖွင့်လှစ်ထား ပါသည်။ ကုမ္ပဏီသည် ၂၀၁၅ ခုနှစ်တွင် အသားတင်အမြတ် ၁ ဒသမ ၁၂ ဘီလီယံရရှိခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်တွင် ဝင်ငွေဘတ် ၇၇ ဒသမ ၉ ဘီလီယံရရှိ၍ ၂၂ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ခဲ့ သော်လည်း ဘတ် ၇၈၅ သန်းအရှုံးပြခဲ့ပါသည်။  
ကျော်သူရ၊ စီးပွားရေးသံမှူး၊  မြန်မာသံရုံး၊ ဗန်ကောက်မြို့

Border Trade News

Pages