တရုတ်နိုင်ငံသို့ပြောင်းဖူးစေ့ပုံမှန်တင်ပို့မှုရှိ

Fri, 07/08/2016 - 08:45 -- admin_ygn

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန် ၁၈ ရက် နှင့် ၂၄ ရက်တာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၅၇ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၆၆၈၃ တန်ကိုလည်းကောင်း၊လွယ်ဂျယ် မှ  အမေရိကန်ဒေါ်လာ သုည ဒသမ ၆၇၀ သန်း တန်ဖိုးရှိ ပြောင်း ၂၃၁၁ တန်ခွဲကို လည်းကောင်း၊ ချင်းရွှေ ဟော်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၁၉ သန်းတန်ဖိုးရှိ  ပြောင်း ၇၆ တန်နဲ့ကန်ပိုက်တီးမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၄၃ သန်းတန်ဖိုးရှိ ပြောင်း ၁၄၂ တန်ခွဲကို အသီးသီးတင်ပို့ခဲ့ကြပါတယ်။   ယခင်တစ်ပတ်က မူဆယ်၊ လွယ်ဂျယ် နဲ့ ချင်းရွှေဟော်စခန်းသုံးခုမှ ပြောင်းဖူးစေ့ ၉၇၂၈ တန်ခွဲ  တင်ပို့ခဲ့တာကြောင့်  တရုတ် သို့ ပြောင်းဖူးစေ့ ပုံမှန် တင်ပို့မှု ရှိခဲ့ပါတယ်။ သယ်ယူစရိတ်မှာ ယခင်တစ်ပတ်တွင် ပြောင်းတစ်ပိသာကို ၆၄ ဒသမ ၆၅ ကျပ်ရှိပြီး၊ ကားဝင်ရောက်မှု အစီး ၃၀၀ခန့်ရှိ တယ်လို့ သိရပါ တယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ဇွန် ၁၇ ရက်က ပြောင်းတစ် တန်ရဲ့ မိမိဘက်ပေါက်ဈေး ၂၉၃၈၆၁ ကျပ်ရှိခဲ့ပြီး ဇွန် ၂၄ ရက်မှာတော့ ၂၈၆၇၄၄ ကျပ်သို့ ပြောင်းဈေးများ ဆက်လက်ကျဆင်းနေတာ တွေ့ရပါတယ်။ မူဆယ်ကုန် စည်ဒိုင်မှာ နယ်အစုံက ပြောင်းတွေ အဝင်သွက်နေလို့ တရုတ်ဘက်ဝယ် လက်ပုံမှန်ရှိ ပေမယ့် ဈေးကွက်ကို ပစ္စည်းအဝင်လှိုင်လို့ ဈေးတွေကျဆင်းပြီး ၁၀၀ ကီလိုကို၁၆၆ ယွမ်နဲ့ အရောင်းအဝယ်ရှိနေတယ်လို့ သတင်းရရှိပါတယ်။         

 မော်မော်အောင်

Border Trade News

Pages