တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံသို့ လက်ဖက်ခြောက်တင်ပို့

Tue, 09/05/2017 - 08:11 -- admin_ygn

       မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၆၃၉၆ တန်ဖိုးရှိ လက်ဖက်ခြောက်တန် ၂၀ ခွဲကို  တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ချင်းရွှေဟော်မှ လက်ဖက်ခြောက်တင်ပို့မှုမရှိဘဲ သြဂုတ် လဆန်းပိုင်းက တစ်တန်သာတင်ပို့ခဲ့တာ တွေ့ရပါတယ်။အလားတူ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ ၁၅၆၈၅ တန်ဖိုးရှိ လက်ဖက်ခြောက်တန် ၄၀ ကျော်ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့တစ်တန်နဲ့ နှိုင်းယှဉ်ပါ က ၃၉ တန် ပိုမိုတင်ပို့ခဲ့ပါတယ်။လက်ဖက်ကို ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာများမှာ စိုက်ပျိုးပြီး လက် ဖက်အဓိကစိုက်ပျိုးတဲ့ ကျေးရွာတွေမှာ လက်ဖက်ခြောက်စက်ရုံများ တည် ထောင်မည်ဖြစ်ကြောင်း လက်ဖက်လုပ်ငန်းတစ်ခုမှ သတင်းရရှိပါတယ်။  

မော်မော်အောင်

 

Border Trade News

Pages