တရားမဝင်သော လူသုံးကုန်၊ စားသောက်ကုန်နှင့် Leo Beer များ ကျပ် ၁၇၃ သိန်းကျော်ဖိုး ဖမ်းဆီးရမိ

Thu, 12/11/2014 - 14:26 -- admin_ygn

   တာချီလိတ် နယ်စပ်ကုန်သွယ်ရေး Mobile Team အဖွဲ့က နိုဝင်ဘာလ ၂၈ ရက်  ၁၀ း ၀၀ နာရီတွင်  လွယ်တော်ခမ်းစစ်ဆေးရေးဂိတ်သို့ ဝင်ရောက်လာသော (၄ဂ/x x x x) Tiger ယာဉ်ပေါ်မှ Leo Beer ၁၅ ဖာ ခန့်မှန်းတန်ဖိုး ကျပ် ၁ သိန်းကျော်ကိုလည်းကောင်း၊ ဒီဇင် ဘာ ၁ ရက်နေ  ၀၈ း ၀၀ နာရီ တာလေ-ကျိုင်းလပ်ရှောင်ကွင်းလမ်းသို့  ရှောင် တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ ဖိနပ်၊ ဦးထုပ်၊ မဝတ်အင်္ကျီ၊ မဝတ်လုံခြည်၊ မစီးဖိနပ်၊ ကလေးစီးဖိနပ် ခန့်မှန်းတန်ဖိုး ကျပ်  ၄၁ သိန်းကျော်နှင့်  ဒီဇင်ဘာလ ၁ ရက်နေ့ ၀၉ း၀၀ နာရီမှ ၁၈း၀၀ နာရီ ထိ စစ်ဆေးခဲ့ရာ တာချီလိတ်-ကျိုင်းတုံ ခရီးသည်တင်ယာဉ်များပေါ်မှာ ပိတ်လိပ်၊ Coffee Plus၊ ရှမ်းရိုးရာအင်္ကျီ၊ ဘောင်းဘီနှင့်  Lady Shoes  များ ခန့်မှန်း တန်ဖိုးကျပ် ၅၈ သိန်းကျော်ကိုလည်းကောင်း၊ ဒီဇင်ဘာ ၁ ရက်နေ့ ၂၀ း ၅၀ နာရီတွင် တာလေ Toll Gate အလွန် အခါရွာအနီးသတင်းအရစောင့်ဆိုင်းနေစဉ် Hiace ယာဉ် အမှတ် (၄စ/x x x x) ယာဉ်ပေါ်မှ အခွန်ပေးဆောင်ထားသော Brand ကြက်ပေါင်းရည်၊ ခေါက်ဆွဲ ခြောက်ဖာများနှင့် ရောနှောသယ်ဆောင်လာသော အထည်များနှင့် ဖိနပ်များ ခန့်မှန်းတန်ဖိုးကျပ်သိန်း ၇၀ ကျော်ဖိုးဖမ်းဆီးရမိခဲ့ပါတယ်။
   ဒီဇင်ဘာလ ၂ ရက်နေ့  ၁၅ း ၀၀ နာရီတွင် ဝှေ့ရဲစစ်ဆေးရေးဂိတ်၌  စစ်ဆေးခံရန်ဝင်ရောက်လာသော (၈ဈ/xxxx) (၁၀) ဘီးမော်တော်ယာဉ်တွင် ဂျူတီပစ္စည်းများနဲ့  ဖုံးအုပ် သယ်ဆောင်လာသော Leo Beer ၁၀ ဖာ၊ Chain Beer (၄) ဖာ၊ ခန့်မှန်းတန်ဖိုးကျပ် ၁ သိန်းကျော်အားလည်း ဖမ်းဆီးရမိခဲ့သဖြင့် အဆိုပါ ဖမ်းဆီးရမိသော လူသုံးကုန်၊ စားသောက်ကုန်နှင့် Leo Beer များ ခန့်မှန်းတန်ဖိုးကျပ် ၁၇၃ သိန်းကျော်အား Mobile Team အဖွဲ့စုံဖြင့် စနစ်တကျစစ်ဆေး၍ အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုတွဲ များဖွင့်လှစ်အရေးယူဆောင်ရွက်ထားကြောင်းသိရှိရပါတယ်။

DCCA

Border Trade News

Pages