တမူးနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးကျင်းပ

Thu, 01/08/2015 - 12:31 -- admin_ygn

   တမူးနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ဒီဇင်ဘာလအတွက် ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးကို တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအစည်းအဝေးခန်းမတွင်  ဒီဇင်ဘာလ ၃၀ ရက်ကကျင်းပခဲ့ပါတယ်။ အစည်းအဝေးကိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ OSS ဌာနတာဝန်ခံများ၊ FDA ရုံးခွဲ၊ အပင်နှင့် ပိုးမွှားကာကွယ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ကလေး-တမူး-ကလေးဝနယ်စပ်ကုန်သွယ်ရေးကုန်သည်အသင်းဥက္ကဋ္ဌနဲ့အလုပ်အမှုဆောင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊  ITC လုပ်ငန်းရှင်များ၊ သယ်ယူပို့ဆောင်ရေးမော်တော် ယာဉ်လိုင်းဂိတ်တာဝန်ခံများ စုစုပေါင်း ၄၀ ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါတယ်။
   အစည်းအဝေးတွင် အကောင်အထည်ဖော် ဆောင်ရွက်ရမဲ့အချက်များ အဖြစ် ယခုဘဏ္ဍာနှစ် ဒီဇင်ဘာလရဲ့ ကုန်သွယ်မှုလျာထားချက်မှာ  ၄ ဒသမ  ၁၁၈ ဒေါ်လာ သန်းပေါင်းဖြစ်ပြီး ဒီဇင် ဘာလ ၁ ရက်နေ့မှ  ၂၅ ရက်နေ့ထိလုပ်ငန်းဆောင်ရွက်မှုမှာ  ၃ ဒသမ ၇၈၇  ဒေါ်လာသန်းပေါင်းဖြစ်၍ လျာထားချက် အပေါ် ၉၁ ဒသမ ၉၆  ရာခိုင်နှုန်းသာဆောင်ရွက်နိုင်သေးတဲ့အတွက် လျာထားချက်ပြည့်မီအောင်ကြိုးပမ်းဆောင်ရွက်ကြရန်၊ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းများတင်သွင်းရာ၌ မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနတွင်ထောက်ခံချက်လက်မှတ်လျှောက်ထားရယူ စစ်ဆေးမှုခံယူပြီးမှတင်သွင်းနိုင်ရေးဆက်လက်ဆောင်ရွက်ရန်၊  တစ်ဖက်နိုင်ငံ မဏိပူရပြည်နယ်အတွင်း၌ ကြက်ငှက် တုပ်ကွေးရောဂါဖြစ်ပေါ်နေကြောင်း၊ တမူးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သတင်းရရှိ ထားသဖြင့် ကြက်ဥ၊ ကြက်သားပေါက်များအား တရားမဝင် တင်သွင်းခြင်းမပြု လုပ်ရန်၊ ပြည်ပမှ ကြက်ဥ၊ ကြက်သားများ တင်သွင်းပါက မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာန၌ စစ်ဆေးမှုခံယူရန်လျှောက်ထားရမည်ဖြစ်ပြီး ထောက်ခံချက်လက်မှတ်ရရှိပြီးမှာသာ တင်သွင်းနိုင်ရေး သက်ဆိုင်ရာဌာနများတွင်ဆက်လက်ဆောင်ရွက်ရန်၊ တစ်ဖက်အိန္ဒိယနိုင်ငံထွက် စားသောက်ကုန်များဖြစ်တဲ့ (ပါပလာ၊ ချိုချဉ်၊ ဘီစကစ်မျိုးစုံ) အစရှိတဲ့ ပစ္စည်းတွေ မိုရေးနဲ့ အင်ဖာမြို့လက်လီဈေးကွက်အတွင်းမှ မှာယူနေကြရသဖြင့်  တစ်ဖက်နိုင်ငံ FDA  ထောက်ခံချက်ရရှိရန်ခက်ခဲသောကြောင့် FDAရုံးချုပ်သို့ အစားအသောက် နမူနာပေးပို့ အစစ်ဆေးခံပြီး စားသုံးရန်သင့်တော်ပါက FDA ထောက်ခံချက်ထုတ်ပေးနိုင်ရေးတင်ပြဆောင်ရွက်သွားရန်၊ စိုက်ပျိုးရေးအပင်နဲ့ အပင်ထွက်ပစ္စည်းများတင်သွင်းရာ တွင် စိုက်ပျိုးရေးဦးစီးဌာနမှ တရားဝင်ထုတ်ပြန်ထားတဲ့ လုပ်ထုံးလုပ်နည်းအတိုင်းတင်သွင်းဆောင်ရွက်ရန်နဲ့ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် တရားဝင်လမ်းကြောင်းမှသာ ကုန်သွယ်မှုဆောင်ရွက်ကြရန်ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။

MIRT (DCCA)
 

Border Trade News

Pages