တနင်္သာရီတိုင်းဒေသကြီးတွင် ကွမ်းသီးနှင့် သီဟိုဠ်ဈေး တည်ငြိမ်လျက်ရှိ

Thu, 04/28/2022 - 09:36 -- admin_ygn

ကွမ်းသီးနှင့် သီဟိုဠ်များသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည် နယ်တို့တွင် အများဆုံး စိုက်ပျိုးလျက်ရှိသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးဈေးနှင့် ကွမ်းသီးခွဲခြမ်း ဈေးဟူ၍ ဈေးနှုန်းနှစ်မျိုးရှိပြီး သီဟိုဠ်စေ့တွင် အခွံမချွတ်ရသေးသော အပင်မှဆွတ်ခူးသောအသီး အကြမ်းဈေးနှင့် အခြောက်လှန်းသန့်စင် ပြီး အချောဈေးဟူ၍ ဈေးနှုန်း နှစ်မျိုးရှိကြောင်းသိရှိရသည်။တနင်္သာရီတိုင်းဒေသကြီး  ထားဝယ်မြို့ပေါ်ရှိ ယခုဖြစ်ပေါ်လျက်ရှိသော ကွမ်းသီးဈေးမှာ ဧပြီ ၁၉ ရက်တွင် ကွမ်းသီးအလုံး(အခွံမပါ) တစ်ပိဿာလျှင် ကျပ် ၅၃၀ဝ နှုန်းရှိပြီး ကွမ်းသီးခွဲခြမ်း တစ် ပိဿာလျှင် ကျပ် ၅၅၀ဝ ပေါက်ဈေးရှိကြောင်း သိရှိရသည်။ သီဟိုဠ်ဈေးနှုန်းမှာ သီဟိုဠ်စေ့အကြမ်း တစ်ပိဿာလျှင် ကျပ် ၃၁၀ဝ ရှိပြီး သီဟိုဠ်စေ့အချော တစ်ပိဿာလျှင် ကျပ် ၂၂၀ဝ၀ ရှိကြောင်း သိရှိရသည်။ကွမ်းသီးနှင့် သီဟိုဠ်စေ့ ဈေးနှုန်းများမှာ  သင်္ကြန်မတိုင်မီဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းနှင့် အရောင်းအဝယ်မှာ ပုံမှန်လည်ပတ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
ဝင့်ဝါခိုင် (ထားဝယ်)

 

Border Trade News

Pages