စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ယခုသီတင်းပတ်ရေထွက်ကုန်အများဆုံးတင်ပို့

Thu, 01/08/2015 - 12:41 -- admin_ygn

   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းမှဒီဇင်ဘာလ ၂၀ ရက်မှ ၂၆ ရက်ထိ ကာလအတွင်းမှာ ပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ၁၁၆ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ကန်ဒေါ်လာ သုည ဒသမ ၀၈၈ သန်းဖိုးတင်ပို့ခဲ့သဖြင့် ယခုသီတင်းပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၂၈ သန်း ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။
   ယခုသီတင်းပတ်မှာ ရေထွက်ကုန်ပစ္စည်း ၈၇ တန်၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၈၆ သန်းအများဆုံးတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ရေထွက်ကုန် ပစ္စည်းတွေကတော့ ငါးမြစ်ချင်း တန် ၆၀၊ ငါးခေါင်းပွ ၂၄တန်၊ ငါးသေတ္တာခြောက် ၂ တန်နဲ့ ငါးနီတူခြောက် ၁ တန်တင်ပို့ခဲ့ တာဖြစ်ပါတယ်။
   လယ်ယာထွက်ကုန်ပစ္စည်းအုပ်စုတွင်လည်း မန်ကျည်းစေ့ ၈၉ တန်၊ ဇီးသီးခြောက် ၄၈ တန်၊ နနွင်းတက် ၅ တန်နဲ့ မန်ကျည်းဖတ် ၂ တန် တင်ပို့ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တင်တင်ထွန်း MIRT (DCCA)
 

Border Trade News

Pages