ချင်း ၂၂ တန်တင်ပို့

Wed, 09/07/2016 - 07:53 -- admin_ygn

သြဂုတ် ၂၁ ရက်မှ ၂၇ရက်သီတင်းပတ်အတွင်း ပင်လယ်ရေကြောင်း လမ်းမှ ပါကစ္စတန်နိုင်ငံသို့ ချင်း၂၂ တန် တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၈တန် ကျော်သာ တင်ပို့နိုင်ခဲ့တဲ့ချင်းက  ဒီတစ်ပတ်မှာ၂၂ တန်အထိ  တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့တင်ပို့မှုယှဉ်ရင် ၁၃တန်ကျော်ပိုမို တင်ပို့နိုင်ခဲ့တယ်လို့ သိရပါ တယ်။ ချင်းတင်ပို့မှုမှ ကန်ဒေါ်လာ၃၃၇၇၀ ဝင်ငွေရရှိခဲ့တယ်လို့သိရပါတယ်။

သီတာဝင်း(DOT)

 

Border Trade News

Pages