ချင်းရွှေဟော်နယ်စပ်ကုန်သည်များက အမယ်သစ်များရှာဖွေတင်ပို့ရန် ကြိုးစားလျက်ရှိ

Wed, 12/10/2014 - 13:20 -- admin_ygn

   ချင်းရွှေဟော်နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းဟာ လမ်းပန်းဆက်သွယ်မှုလွယ်ကူချောမွေ့လာသဖြင့် ယခင် မူဆယ်မှတစ်ဖက်နိုင်ငံသို့သွားနေတဲ့ နှမ်း၊ ရော်ဘာနဲ့ အခြားဒေသထွက်ကုန်ပစ္စည်းများကို ယခုအခါ ချင်းရွှေဟော်နယ်စပ်ပေါက်မှတင်ပို့နေကြပြီဖြစ်ကြောင်း၊  ယခုထက်ပိုမိုတင်ပို့နိုင်ရေးအတွက် ပြည်တွင်းရှိကုန်သည်များနဲ့ ချိတ် ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်သည်အသင်းရဲ့ဆောင်ရွက်မှုတိုးတက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ အမယ်သစ်များရှာဖွေတင်ပို့ရန်ကြိုး စားနေကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ ကွမ်းလုံ-ဟိုပန်-ချင်းရွှေဟော်-လောက်ကိုင်နယ်စပ်ကုန်သည်ကြီးများ အသင်း တွဲဖက်အတွင်းရေးမှူး ဒေါ်လွင်လွင်မာက ဆွေးနွေးပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။
   ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းအနေနဲ့ ကုန်သွယ်မှုလျာထားချက် ကျော်လွန်အောင်ဆောင်ရွက်နိုင်မယ့် အလားအလာကောင်းတွေရှိပါကြောင်း၊ လမ်းပန်းဆက် သွယ်ရေးမှာလည်း ယခုအခါ နိုင်လွန်ကတ္တရာလမ်းဖြစ်နေတဲ့အတွက် လမ်းကောင်းသွားပြီဖြစ်ရာ ကုန်တင်ယာဉ်များအနေနဲ့လည်း အချိန်စောင့်ဆိုင်းစရာမလိုဘဲရောက်ချ ထွက်၊ ရောက်ချတင်အနေအထားနဲ့ ဆောင်ရွက်နိုင်တာကိုတွေ့ရှိရပါကြောင်း စခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းထံကသိရပါတယ်။
   ရေထွက်ကုန် ငါးရှဉ့်၊ ကဏန်းများပိုမိုတင်ပို့နိုင်ရေး၊ အခြားအမယ်သစ်ပို့ကုန်များရှာဖွေတင်ပို့ရန်နဲ့ OSS ဌာနဆိုင်ရာများ၊ မိတ်ဖက်ဌာနများ၊ ကုန်သည်လုပ်ငန်းရှင်များအားလုံး ညီညွတ်စွာဝိုင်းဝန်းဆောင်ရွက်ကြရန်နဲ့ လုပ်ငန်းပိုင်းဆိုင်ရာအခက်အခဲများကို အချိန်နှင်တစ်ပြေးညီတင်ပြသွားကြရန် ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ စခန်းတာဝန်ခံ က ပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။

MIRT (DCCA)

Border Trade News

Pages