ကျပ်သန်းလေးရာနီးပါးတန်ဖိုးရှိသည့် တရားမဝင်အကောက်ခွန်မဲ့ကုန်ပစ္စည်းများ ဖျက်ဆီး

Tue, 01/20/2015 - 14:33 -- admin_ygn

   ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလထိ Mobile Team များမှ တရားမဝင်အကောက်ခွန်မဲ့ကုန်ပစ္စည်းများ ကျပ်သန်း  ၃၈၂ ဒသမ ၆၅၄ သန်းခန့်၊ အမှုတွဲအားဖြင့် ၁၅၅ မှုကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ Mobile Team အလိုက် ဖျက်ဆီးခဲ့မှုတွေကတော့ လရ-၁ ၃၇ မှု ကျပ်  ၁၁၅ သန်းကျော်၊ လရ-၂ ၂၁ မှု ကျပ် ၃၅ ဒသမ ၆၂၅ သန်းကျော်၊ မူဆယ်ထုတ်နုတ်အင်အား ၃၇ မှု ကျပ် ၁၉၄ သန်းကျော်၊  တာချီလိတ်ထုတ်နုတ်အင်အား ၂၅ မှု၊ ကျပ်သန်း  ၂၀ ကျော်၊ ကျိုင်းတုံထုတ်နုတ်အင်အား ၃၅ မှု ကျပ် ၁၆ သန်းကျော် အသီးသီးဖြစ်ပါတယ်။
  တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီရဲ့ကြီးကြပ်မှုနဲ့ဆောင်ရွက်တဲ့စခန်းလမ်းကြောင်းအလိုက် Mobile Team များအနေနဲ့ ကုန်သွယ်မှုပမာဏ တိုးတက်မြင့်မားရေး တရားဝင်လမ်းကြောင်းပေါ်သို့ တရားမဝင်ကုန်သွယ်မှုများရောက်ရှိစေရေးအတွက် သတ်မှတ်လုပ်ထုံးလုပ်နည်းများနဲ့အညီ အထက်ဌာနများရဲ့ လမ်းညွှန် ချက် တိုင်း စနစ်တကျဆောင်ရွက်လျက်ရှိနေကြောင်းသတင်းရရှိပါတယ်။

 DCCA

Border Trade News

Pages