ကမ္ဘာ့ရွှေဈေးနှင့် ငွေလဲဈေး သက်ရောက်မှုကြောင့် မြန်မာ့ရွှေဈေး ဆက်လက်မြင့်တက်နိုင်

Thu, 04/28/2022 - 09:40 -- admin_ygn

လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့ရွှေဈေးမြင့်မားမှုနှင့်  နိုင်ငံခြားငွေလဲလှယ်မှု ဈေးနှုန်းသက်ရောက်မှုများကြောင့်   မြန်မာ့ရွှေဈေး ဆက်တိုက်မြင့်တက်နေပြီး ကာလတို  ခန့်မှန်းချက်များအရ  ဆက်လက်မြင့်တက်နိုင်သည့် အခြေအနေမျိုးရှိ ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။
"အခုဖြစ်နေတဲ့ ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ရင် အမြင့်ဆုံးစံချိန်တင်ဖြစ်ခဲ့ဖူးတဲ့ ၂၀၂၀ သြဂုတ်  ၇ ရက်မှာဖြစ်ခဲ့တဲ့ ၂၀၇၅ ဒသမ ၄၂ ဒေါ်လာဈေးကိုတော့ မရောက်သေးဘူး။ သို့သော်လည်း အခု အနေအထားဟာ ၁၉၈၀ ဝန်းကျင်လောက် ကနေ ဈေးကွက်ပြောင်းလဲမှုကို ပြန်ကြည့်ရင် အမြင့်မားဆုံးဖြစ်နေတဲ့ အနေအထား တစ်ခုလို့ ပြောလို့ရပါတယ်။ လက်ရှိအနေအထားက ကမ္ဘာ့ရွှေဈေးနဲ့ တွက် ကြည့်ရင်  မြန်မာ့ဈေးဟာ အနည်းငယ် ကွာဟနေတဲ့ အနေအထားဖြစ်နေတာကြောင့် ကာလ တိုခန့်မှန်းတဲ့အခါ မြင့်တက်မယ့် အလားအလာရှိနိုင်တယ်လို့ ယူဆရပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းတွင် ရွှေရောင်းဝယ်မှုများပြုလုပ် နေသည့် လုပ်ငန်းရှင်တစ်ဦးက မတ် ၁၀ ရက်တွင် သုံးသပ်ပြောဆိုသည်။ဈေးတန်း တစ်အောင်စ ၂၀၄၆ ဒေါ်လာသို့ ရောက်ရှိခဲ့ရာ မှ မတ် ၁၀ ရက် တွင် အဖွင့်ဈေး ၁၉၉၁ ဒေါ်လာသို့ ပြန်လည်ကျဆင်းနေပြီး အမြင့်ဆုံးဈေး ၁၉၇၈၊ အနိမ့်ဆုံးဈေး ၁၉၇၂ ရှိနိုင်သည်ဟု ဈေးကွက်ကျွမ်းကျင်သူများက ခန့်မှန်းထားကာ ပြည်တွင်း ရွှေဈေး နှုန်းမှာ လက်ရှိတွင် ၁၆ ပဲရည် အခေါက်ရွှေ  အဖွင့်ရောင်းဈေး ကျပ် ၂၀ဝ၅၀ဝ၀၊ ဝယ်ဈေး ၁၉၉၀ဝ၀ဝ၊ ၁၅ ပဲရည် ကျပ် ၁၈၈၇၁၀ဝ ရှိကြောင်းသိရ သည်။   

Border Trade News

Pages