ရန်ကုန်ဆန်ဈေးကွက်မှာ ဆန်သစ်ဦးဆောင်

Tue, 02/07/2017 - 07:00 -- admin_ygn

        ယခုတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်မှာ ဆန်ချောအသစ်သာ အဝင်ရှိပြီး  ဆန်ဟောင်းအဝင်မရှိသလို ဈေးကွက်လည်းမရှိတော့ကြောင်း ဆန်သစ်ကပဲ ဈေးကွက်ကို ဦးဆောင်နေပြီး အရောင်းအဝယ်ဖြစ်နေတယ်လို့  ရန်ကုန် ဝါးတန်း ကုန်စည်ဒိုင်မှ သိရှိရပါတယ်။ ယခုတစ်ပတ်  ဆန်ချောအသစ်ရဲ့လက်ကားဈေးနှုန်းများမှာ   ဖျာပုံပေါ်ဆန်း ဆန်ထိပ်စ တစ်အိတ်ကျပ် ၃၀၀၀၀၊ လတ်စတစ်အိတ်ကျပ် ၂၉၀၀၀၊ ပုသိမ်၊ မြောင်းမြပေါ်ဆန်းဆန် ထိပ်စတစ် အိတ် ကျပ်  ၃၂၀၀၀၊  လတ်စတစ်အိတ်ကျပ် ၃၁၀၀၀၊ နယ်စုံ ကျိုက်လတ် ပေါ်ဆန်းဆန်ထိပ်စတစ်အိတ်ကျပ် ၂၈၀၀၀၊ လတ်စတစ် အိတ် ကျပ် ၂၇၀၀၀၊ ရွှေဘိုပေါ်ဆန်းတစ်အိတ် ကျပ် ၃၄၀၀၀ မှ ကျပ် ၃၆၅၀၀ ဈေးရှိပါတယ်။ ဆန်အဝင်က တော့ ပုံမှန်ပဲရှိနေပြီး အရောင်းအဝယ်လည်း  ပုံမှန်ပဲရှိ တယ်လို့သိရပါတယ်။
       ဆန်ကြမ်းအသစ်ဧည့်မထ ထိပ်စတစ်အိတ် ကျပ် ၁၈၀၀၀၊ လတ်စတစ်အိတ်ကျပ် ၁၇၀၀၀၊ နွေသီးထပ်ရှယ် (အဟောင်း) တစ်အိတ်ကျပ် ၁၉၀၀၀ မှ ကျပ် ၂၀၀၀၀၊ နွေ ဆန်ရက်(အဟောင်း) တစ်အိတ်ကျပ် ၁၉၅၀၀ မှ ကျပ် ၂၁၀၀၀၊ မနောသုခ(အဟောင်း) တစ်အိတ် ကျပ် ၂၄၀၀၀ မှ ကျပ် ၂၅၀၀၀၊ အိတ်စပို့၂၅ မှတ်တစ်အိတ် ကျပ်၁၅၀၀၀ မှ ကျပ်  ၁၆၀၀၀၊ ဆန်ကြမ်းအသစ်ရှယ် တစ်အိတ်ကျပ် ၁၇၀၀၀ မှ ကျပ် ၁၇၅၀၀ ဈေးရှိပါတယ်။ ဆန်ကြမ်းက အဝင်လည်း ပုံမှန်ရှိနေသလို အရောင်း အဝယ်လည်း ပုံမှန်ပဲရှိတယ်လို့ ဝါးတန်းဆန်ဈေးကွက်မှ သိရှိရပါတယ်။ ဆန်သစ်ဆိုသော်လည်း ယခုအချိန်မှာ အဟောင်းနီးပါးဖြစ်လာပြီဖြစ်တဲ့အတွက် အရောင်းအဝယ် ဖြစ်တယ်လို့ သိရ ပါတယ်။
        မူဆယ်ဆန်ဈေးကွက်မှာ ဖေဖော်ဝါရီလဆန်း ၁ ရက်မှာ ဒိုင်စဖွင့်သော်လည်း ကုန်သည်တွေရောက်မလာ သေးကြောင်း  ဆန်ဈေးနှုန်းလည်း အသစ်မထုတ်ပြန်သေး ကြောင်းနဲ့ ယခင်အဟောင်းဈေးနှုန်းအတိုင်းသာရှိနေေ သး ကြောင်း သိရှိရပါတယ်။  ယခင်ဈေးနှုန်းအတိုင်း မှော်ဘီနဲ့ စူပါ ဧည့်မထ ၅ မှတ်တစ်အိတ် ၁၂၅ ယွမ်မှ ၁၂၇ ယွမ်၊ ၁၀ မှတ်  တစ်အိတ် ၁၂၁ ယွမ်မှ ၁၂၄ ယွမ်၊ ၂၅ မှတ်တစ်အိတ် ၁၁၄ ယွမ်မှ ၁၁၆ ယွမ်၊ ၃၅ မှတ်တစ်အိတ် ၁၀၉ ယွမ်မှ ယွမ် ၁၁၀၊ ငစိန် ၅ မှတ် တစ်အိတ် ၁၂၁ ယွမ်မှ ၁၂၃ ယွမ်၊ ငစိန် ၁၅  မှတ်တစ်အိတ် ၁၁၇ ယွမ်မှ ယွမ် ၁၂၀၊ ငစိန် ၂၅ မှတ် တစ်အိတ် ၁၁၅ ယွမ်မှ ၁၁၆ ယွမ်ဖြစ်ပါတယ်။မြို့တွင်း နယ်စုံမှ  မူဆယ်သို့ ဆန်အဝင်မှာ ဇန်နဝါရီ ၂၆ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ ဆန်တန် ချိန် ၁၅၉၆၀  ရှိပါတယ်။ ဖေဖော်ဝါရီ ၃ ရက်ငွေလဲနှုန်းအရ တစ်ယွမ်ကို ၁၉၄ကျပ် ဈေးပေါက်တယ်လို့သိရပါတယ်။

 

ယဉ်ယဉ်အေး

Local Trade News

Pages