ပြည်တွင်းရွှေဈေးနှုန်း ကျဆင်းနေ 

Fri, 06/19/2020 - 08:22 -- admin_ygn

ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာငွေလဲနှုန်းများ ကျဆင်းနေခြင်း ကြောင့် လက်ရှိ ပြည်တွင်း ရွှေဈေးကွက်အတွင်း  ရွှေဈေးနှုန်းများလည်း ကျဆင်းနေကြောင်း ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အကယ်ဒမီရွှေ တစ်ကျပ်သားလျှင် ၁၂၁၈၀ဝ၀ ကျပ် ရှိခဲ့ရာမှ လက်ရှိတွင် တစ်ကျပ်သား ၁၂၁၁၀ဝ၀ ကျပ်ရှိနေပြီး ၇၀ဝ၀ ကျပ် ကျဆင်းသွားခြင်းဖြစ်ကာ လက်ရှိကမ္ဘာ့ရွှေဈေးကွက်တွင်တော့ တစ်အောင်စ ကို ၁၇၃၄ ဒေါ်လာပေါက်ဈေးရှိနေကြောင်း ယင်းအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ဇွန် ၁၁ ရက်တွင် ပြောသည်။

 

"ကမ္ဘာ့ရွှေဈေးလည်း ကျတယ်။ ပြည်တွင်းမှာ ဒေါ်လာငွေလဲနှုန်းလည်းကျ သွားတယ်ပေါ့။ ကမ္ဘာ့ရွှေဈေးနဲ့ ပြည်တွင်းပေါက်ဈေးကလည်း  တစ်သိန်းလောက် ကွာတယ်။ အဲဒီလိုကွာတဲ့အပြင် ပြည်တွင်းမှာလည်း ဝယ်လိုအားနည်းတယ်၊ ပြန် ရောင်း တာ များနေတယ်။ အဲဒီအချက်တွေကြောင့် ပြည်တွင်းရွှေဈေးနှုန်းက လက်ရှိမှာ အကျဘက်ကို ဦးတည်နေတာပါ"ဟု ဦးမျိုးမြင့်က ပြောသည်။ ယင်းသို့ ရွှေဈေးနှုန်းများ ကျဆင်းနေသော်လည်း အရောင်းအဝယ်ပိုင်းတွင် ဈေးကွက်အေးနေကာ လာရောက်ဝယ်ယူသူနည်းပါးနေပြီး ပြန်လည်ရောင်းချသူ အချို့သာရှိသည့်အတွက် အရောင်းအဝယ် ထက်ဝက်ခန့်ကျဆင်းနေကြောင်း သိရသည်။

 

ပန်းဆု

Local Trade News

Pages