နိုင်ငံခြားဖက်စပ် ကုမ္ပဏီများအား ကုန်သွယ်ခွင့်ပြုသည့် ဆေးရုံသုံးကိရိယာများနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများအား HS Code လိုင်းဖြင့် သတ်မှတ်ထုတ်ပြန်

Tue, 12/27/2016 - 04:58 -- admin_ygn

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံခြားဖက်စပ်ကုမ္ပဏီများအား ကုန်သွယ်ခွင့်ပြုသည့် ဆေးရုံသုံးကိရိယာများနှင့် ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်းများအား HS Code လိုင်းများ သတ်မှတ်၍ ထုတ်ပြန်လိုက် ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၈၅/၂၀၁၆) ဖြင့်ထုတ်ပြန် ကြေညာလိုက်ကြောင်း သိရသည်။ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကုန်သွယ်မှုနှင့်ပတ်သက်သည့် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများအရလည်းကောင်း၊ လက်ရှိပြောင်းလဲလာသော စီးပွားရေးအခြေအနေများ အရ နို င်ငံခြားဖက်စပ်ကုမ္ပဏီများအား ဓာတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးနှင့် ဆေးရုံသုံးကိရိယာများ၊ ကုန်သွယ်ခွင့်ပြုခြင်းကို အမိန့်ကြော်ငြာ စာအမှတ် (၉၆/၂၀၁၅)ဖြင့်လည်းကောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ကုန် သွယ်ခွင့်ပြုခြင်းကို အမိန့်ကြော်ငြာစာအမှတ်(၅၆/၂၀၁၆)ဖြင့် လည်းကောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
        အဆိုပါအမိန့်ကြော်ငြာစာများဖြင့် ထုတ်ပြန်ခဲ့သည့်ကုန်ပစ္စည်းများကို နိုင်ငံခြားဖက်စပ် ကုမ္ပဏီများအနေဖြင့် ကုန်သွယ်မှုလုပ်ငန်း ဆောင်ရွက်ရာတွင် လွယ်ကူရှင်းလင်းစေရန်အတွက် မြန်မာနိုင်ငံ၏ HS Code 2012 Vers -ion  အရ ကုန်သွယ်ခွင့်ပြုသည့် ဆေးရုံသုံးကိရိယာများအတွက် HS Codeလိုင်း ၆၉ လိုင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအတွက် HS Code လိုင်း ၄၆၁ လိုင်းတို့ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။ အဆိုပါ HS Code လိုင်းများစာ ရင်းအသေးစိတ် ကို သိရှိလိုပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သည့် www.commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင် ကြောင်း သိရသည်။

 

မယ်သီတာ

Local Trade News

Pages