ကုန်သွယ်မှု မြင့်မားတိုးတက်ရေးသို့

Tue, 12/19/2017 - 08:14 -- admin_ygn

         စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ဟာ မန္တလး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး၊ မိုင်းယုကျေးရွာအနီးတွင် တည်ရှိပြီး မူဆယ်မြို့နှင့် ခုနစ် မိုင်ခန့်ကွာဝေးပါ တယ်။ နယ်စပ်စခန်းများအားလုံး၏ ကုန်သွယ်မှု ပမာဏအနေဖြင့် ၇၀ ရာခိုင်နှုန်းခန့်ဆောင်ရွက်ပေး နေတဲ့စခန်းဖြစ်ပါတယ်။ ကုန်သွယ်မှုပမာဏ များပြားသည့်အလျောက် တရားဝင် အခွန်အခပေးဆောင်ပြီး ကုန်သွယ်မှု လုပ်ငန်းဆောင်ရွက်နေသကဲ့သို့ ကုန်သွယ်ရေးဇုန်ကို ရှောင်ကွင်းလျက် တရားမဝင် ကန့်သတ်ကုန် ပစ္စည်းများလည်း သွားလာလျက်ရှိပါတယ်။ အဆိုပါ ကန့်သတ်ကုန်ပစ္စည်းများအနက် ကျွဲ၊ နွား(အရှင်)များ တရား မဝင်တင်ပို့ခြင်းလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ မူဆယ်ခရိုင်အတွင်းရှိ ကွတ်ခိုင်မြို့တွင် ငါးရက်တစ်ဈေး ကျွဲ၊ နွား အရောင်းအဝယ် ပြုလုပ်သည်ကိုအခြေခံလျက် နမ့်ဖက်ကာ-နမ့်ခမ်းလမ်းကြောင်းနှင့်  မော တောင်း-ခိုခေး-ပိုင်ကျုံ-နမ့်တောင်း-နောင်အင်း-ကျိန်စမ်းကျော့ လမ်းကြောင်းတို့သည် ဒေသလုံခြုံ ရေးကိုအခြေခံလျက် ကျွဲ၊ နွားများ တရားမဝင်တင် ပို့တဲ့ အဓိကလမ်းကြောင်းအဖြစ် တွေ့ရှိနေရပါတယ်။ စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံတော်၏စီးပွား ရေးဦးတည်ချက်အရ ဈေးကွက်စီးပွားရေးစနစ် နှင့်လျော်ညီစွာ ဝယ်လိုအားအရ ဖြစ်ပေါ်နေသော လွတ်လပ်သည့် ဈေးကွက်ကိုဖော်ဆောင်နိုင်ရန်အတွက် တရားမဝင် ကျွဲ၊ နွား တင်ပို့နေမှုများ ပပျောက်ပြီး တရားဝင်လမ်းကြောင်းပေါ်သို့ရောက် ရှိစေရန်နှင့် နိုင်ငံတော်မှ  ရသင့်ရထိုက်သော အခွန်အခ အပြည့်အ၀ ရရှိစေရန်၊ စိုက်ပျိုးမွေးမြူ ရေးတောင်သူများ ဝင်ငွေနှင့်အလုပ်အကိုင် အခွင့် အလမ်းများ ပိုမိုရရှိစေရန်၊ တောင်သူလယ် သမားတို့၏ အကျိုးစီးပွားကို ပိုမိုကာကွယ်ဆောင် ရွက်နိုင်ရန်ရည်ရွယ်၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့  ရက်စွဲပါ အမိန့်စာအမှတ် ၄၉/၂၀၁၇ဖြင့် ကျွဲ၊ နွား (အရှင်) များပြည်ပ သို့တင်ပို့မှုအား ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တရားဝင်တင်ပို့ ခွင့်ပြုခဲ့ပါတယ်။
       ကျွဲ၊ နွားမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ကျွဲ၊ နွား(အရှင်) တင်ပို့ရောင်းချခြင်း ကန့်သတ်မှုကို ဖြေ လျော့၍ မွေးမြူထုတ်လုပ်မှုကိုအားပေးပြီး အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ခွင့်ပြုတဲ့ နေရာမှာလည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြု နေသော ခိုင်းကျွဲ၊ ခိုင်းနွားများကို ထိခိုက်မှုမရှိ စေဘဲ မွေးမြူရေးခြံများနှင့် တစ်ပိုင်တစ်နိုင်မွေးမြူ ထားသော ကျွဲ၊ နွားအရှင်များထဲမှ အရွယ်ရောက် ပြီး ကျွဲ၊ နွား များကိုသာ ဝယ်ယူစုဆောင်းရန်၊ ဝယ်ယူသည့်မြို့နယ်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနမှ တိရစ္ဆာန်ပိုးမွှားရောဂါ စစ်ဆေးပြီးသော ကျွဲ၊ နွားများကို Micro Clip တပ်ဆင်ပေးပြီး ပြည်ပသို့တင်ပို့ရန် ထောက်ခံချက်လက်မှတ်ဖြင့် ပို့ကုန်လိုင်စင်လျှောက်ထားနိုင်ကြောင်း သိရှိရပါတယ်။ ယင်းကဲ့သို့ ပို့ကုန်လိုင်စင်များ ခွင့်ပြုပေး ခြင်းဖြင့် တောင်သူလယ်သမား အကျိုးစီးပွားကာ ကွယ်မြှင့်တင်ရေး ဥပဒေအရ  တောင်သူများ အကျိုးဖြစ်ထွန်းစေရန်၊ ဝင်ငွေတိုး တက်ရရှိရန်၊ မွေးမြူရေးကဏ္ဍတွင်  ရင်းနှီးမြှုပ်နှံမှုတိုးတက်ရန်၊ တရားဝင် လမ်းကြောင်းပေါ်မှ နိုင်ငံတော်အခွန် အခ တိုးတက်ရရှိဖို့အတွက် တရားဝင်တင်ပို့နိုင် ရေးတို့ကိုရည်ရွယ်၍ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကျွဲ၊ နွား(အရှင်)ကနဦးတင်ပို့ခွင့်ကိုတော့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်မှာ Nan Shwe Li Win Co.,Ltd မှ ကျွဲအကောင်ရေ ၁၀၀၊THW Co.,Ltd မှ နွားအကောင်ရေ ၁၀၀၊ Peace Naw Tayar Co., Ltd မှ နွားအကောင် ရေ ၁၀၀၊ Star Seven Star Co.,Ltd မှ နွားအကောင်ရေ ၁၀၀၊ Phyo Kyaw Paing Co.,Ltd မှ နွားအကောင်ရေ ၁၀၀၊ ကုမ္ပဏီ ငါးခုမှ စုစုပေါင်း ကျွဲ၊  နွား အကောင်ရေ  ၅၀၀ အား ပြည်ပသို့ တင်ပို့ခွင့်ပြု ခဲ့ပါတယ်။ ဒါကြောင့် ဒီဇင်ဘာလ ၁၂ ရက်မှာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ယာဉ်စစ်ကွင်းသို့ ယာဉ်၂၅ စီးနှင့်အတူ ကျွဲ၊ နွားအကောင်ရေ ၅၀၀ ရောက်ရှိလာခဲ့ပါတယ်။ လုပ်ငန်းရှင်များ အဆင်ပြေချောမွေ့စေရေးအတွက်  စခန်းတာဝန်ခံရဲ့ ကြီးကြပ်မှုနှင့်အတူ OSS အစည်းအဝေးခန်းမတွင် OSS အကောက်ခွန်ဦးစီးဌာန၊ ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနများမှဌာန တာဝန်ခံနှင့် ကုမ္ပဏီလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး၍ ခွင့်ပြုအရေအတွက် တိကျမှန်ကန်မှု ရှိ/မရှိ စစ်ဆေးကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အထက်တုန်ခန်ရွာအနီး ကျိန်စမ်းကျော့လမ်း နံဘေးရှိ မြေဧက ၄၉ ဒသမ ၆၄ ဧက ပေါ်မှာ ယာ ယီဆောက်လုပ်ထားတဲ့ (Animal Quarantine Station) တိရစ္ဆာန်များ ကျန်းမာရေးစစ်ဆေးမှုစခန်းသို့ ပေးပို့ခဲ့ပါတယ်။ ထို့အတူ ဒီဇင်ဘာလ ၁၂ ရက်မှာလည်း Khay Hlaing Co.,Ltd က တင်ပြသည့် လိုင်စင်တစ်စောင်တွင် ပါ၀ င်သည့် နွားကောင်ရေ ၁၀၀ အား တင်ပို့ခွင့်ပြုခဲ့ပြီး ဒီဇင်ဘာလ ၁၅ ရက်မှ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၌ ဝင်ရောက်စစ်ဆေးခံကာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ Animal Quarantine Station သို့ ပို့ဆောင်ပေးခဲ့ ပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းဌာနတာဝန်ခံ များအနေဖြင့်လည်း ကျွဲ၊ နွားများ တရားမဝင် သွားရောက်မှုမရှိ စေရေးအတွက် နိုင်ငံ့ဝန်ထမ်းပီပီ တာဝန်သိစွာဖြင့် ဝိုင်းဝန်းတားဆီး ထိန်းကျောင်း ပေးမှသာလျှင် ပြည်ပသို့ ကျွဲ၊ နွား(အရှင်)  တင်ပို့ မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။
       ယခုအခါ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လုပ်ထုံးလုပ်နည်းရေးဆွဲထုတ်ပြန်ပေးပြီး ဖြစ်၍ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ စတင်တင်ပို့နေပြီြ ဖစ်ပါတယ်။ ကျွဲ၊ နွားများအား မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝယ်ယူစုဆောင်း ခြင်း၊ စုဆောင်းရက်မှ တင်ပို့မည့်လမ်းကြောင်းအတိုင်း သတ်မှတ်ထားသော ခွင့်ပြုချက်အထောက် အထား များဖြင့် ပြည်တွင်းနယ်ကျော်သယ်ဆောင်ရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေရေး၊ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး၊ တရားမဝင်ကိစ္စရပ်များ မရှိစေရေးတို့အတွက် လျင်မြန်ချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ရေး ညှိနှိုင်းထား ရှိပြီးဖြစ်ပါ တယ်။မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အနေ နှင့်လည်း  ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ဝယ်လိုအားအရ ဖြစ်ပေါ်နေတဲ့ လွတ်လပ်တဲ့ဈေး ကွက်ဖော်ဆောင်နိုင်ခြင်းကြောင့် တရားမဝင်တင် ပို့နေတဲ့ ကျွဲ၊ နွားများ တရားဝင်လမ်းကြောင်းပေါ် ရောက်ရှိလာပြီး ကုန်သွယ်မှုလုပ်ငန်းဆောင်ရွက် ခြင်းနှင့်အတူ နိုင်ငံတော်အနေဖြင့်လည်း ရသင့် ရထိုက်သော အခွန်အခ အပြည့်အဝတိုးတက်ရရှိ လာမှာဖြစ်သလို ကုန်သွယ်ရေးဇုန်အနေဖြင့်လည်း ကုန်သွယ်မှု  မြင့်မားတိုးတက်ရေးဆီသို့လျှောက် လှမ်းနေသည့် ရွှေခြေလှမ်းများဖြစ်ပါကြောင်း ရေး သားတင်ပြလိုက်ရပါတယ်။

 

ဝင်းလွင်

Local Trade News

Pages