ကမ္ဘာ့ရွှေဈေးကျဆင်းလာသဖြင့် ပြည်တွင်းရွှေဈေးများ ကျဆင်း

Wed, 12/06/2017 - 04:51 -- admin_ygn

        ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကျဆင်းခဲ့သည့် ပြည်တွင်းရွှေဈေးများ သည် ယခုတစ်ပတ်တွင် ပြန်လည်မြင့်တက်လာခဲ့သော်လည်း ဈေးကွက်ပိတ်ရက်ဖြစ် သည့် သောကြာနေ့တွင် ပြန်လည်ကျဆင်းလာခဲ့သည်။
ကမ္ဘာ့ရွှေဈေးများ ကျဆင်းလာသဖြင့် ပြည်တွင်းရွှေဈေးများ ကျဆင်းလာရ ခြင်းဖြစ်သော်လည်း ပြည်တွင်းငွေလဲနှုန်းများ အနည်းငယ်မြင့်တက်နေသဖြင့် ကျဆင်းသင့်သလောက် မကျဆင်းခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။
       "ကမ္ဘာ့ရွှေဈေး ကျဆင်းသွားတယ်ဆိုပေမယ့် ပြည်တွင်းရွှေဈေးက သိသိသာ သာလိုက်ပြီး ကျမလာဘူး။ ဒီတစ်ပတ်ထဲမှာ ပြည်တွင်းငွေလဲနှုန်းက နည်းနည်းပြန် တက်လာတယ်။ အဲဒါကြောင့် ပြည်တွင်းရွှေဈေးက အများ ကြီး ကျဆင်းမသွားတာ ပါ။ ကမ္ဘာ့ရွှေဈေးကို အမေရိကန်ဒေါ်လာ ၁၃၀၀ အထက်ရောက်မယ်လို့ မှန်း ထားကြတဲ့သူတွေရှိပေမယ့် အမေရိကန်ဗဟိုဘဏ်ရဲ့ အခုရက်ပိုင်းအတွင်း ထုတ် ပြန်ချက်တွေကြောင့် ကမ္ဘာ့ရွှေဈေးက ပြန်ကျသွားတယ်။ အဲဒါကြောင့် ကမ္ဘာ့ရွှေ ဈေးကွက်က ပြန်လှုပ်လာတယ်။ ပြည်တွင်းမှာတော့ သိပ်အကျကြီးမဟုတ်လို့ ဈေးကွက်က ငြိမ်နေပါတယ်"ဟု ပြည်တွင်းရွှေဈေးကွက်တွင် အရောင်းအဝယ်ပြုလုပ်နေ သူတစ်ဦးက ပြောကြားခဲ့သည်။
        ပြည်တွင်းရွှေဈေးကွက်တွင် နိုဝင်ဘာ ၂၇ ရက်က အခေါက်ရွှေ တစ်ကျပ် သားလျှင် ကျပ် ၉၃၄၀၀၀ ရှိခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်တွင် ကျပ် ၉၃၂၂၀၀ သို့ ကျဆင်း ခဲ့သည်။ ဒီဇင်ဘာ ၂ ရက်တွင် ကျပ် ၉၃၁၀၀၀ သို့ ဆက် လက်ကျဆင်းခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် နိုဝင်ဘာ ၂၇ ရက်က တစ်အောင်စလျှင် ၁၂၈၈ အမေ ရိကန်ဒေါ်လာရှိခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်တွင် အမေရိကန်ဒေါ်လာ ၁၂၈၀ သို့ကျ ဆင်းခဲ့ပြီး ဒီဇင်ဘာ ၁ ရက်တွင် ၁၂၇၅ အမေရိ ကန်ဒေါ်လာသို့ ဆက်လက် ကျဆင်းခဲ့သည်။

 

မယ်သီတာ

Local Trade News

Pages