ပစိဖိတ် ကုန်သွယ်မှု စာချုပ်အပြီးသတ် ချုပ်ဆိုရန် အခက်တွေ့

Tue, 05/07/2013 - 04:17 -- admin

အမေရိကန် ပြည်ထောင်စု ဦး ဆောင်တဲ့ ပစိဖိတ် ကုန်သွယ်ရေး သ ဘောတူစာချုပ်ကို ယခုနှစ်အောက်တိုဘာမှာ အပြီးသတ်ချုပ်ဆိုဖို့ သတ်မှတ် ထားပါတယ်။ ဒါပေမဲ့ Big Phama ကုမ္ပဏီနဲ့ Generic Drags ဆေးဝါးတွေကို အလွယ်တကူ ရရှိနိုင်ဖို့အတွက် လှုပ်ရှားဆောင်ရွက်နေသူတို့အကြား အငြင်းပွားမှုတွေ ရှိနေတဲ့အတွက် စာချုပ် ချုပ်ဆိုဖို့ နှောင့်နှေးမဲ့ အခြေအနေ တွေကိုရင်ဆိုင်နေရပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ အ ခြား ၁၀ နိုင်ငံတို့က အဆိုပြုထားတဲ့ ပစိဖိတ်ဒေသ ပူးပေါင်းဆောင်ရွက်ရေး (Trans-Pacific Partnership) သဘောတူစာချုပ်ချုပ်ဆိုရေးကိစ္စကို မတ် ၄ ရက်မှ ၁၃ ရက် အထိ ဆွေးနွေးလျက် ရှိပါတယ်။ "စာချုပ်အပြီးသတ်ချုပ်ဆိုနိုင်ဖို့အတွက် ပိုမိုခက်ခဲလာပြီး စိန်ခေါ်မှုတွေ ပိုများလာပါတယ်။ ၂၀၁၃ ခုနှစ်မှာ နောက်ဆုံးရက်သတ်မှတ်ထားတဲ့အတိုင်း ပြီးဖို့ပြဿနာတွေရှိနေပါတယ်" လို့ မလေးရှားကုန်သွယ်ရေးဝန်ကြီး မွတ်စတာဖာမိုဟာမက်က စင်ကာပူနိုင်ငံခြား သတင်းထောက်များအသင်းကိုပြောပါတယ်။ ဆွေးနွေးပွဲမှာ ပါဝင်နေတဲ့ ၁၁ နိုင် ငံအတွင်းမှာ ဆေးဝါးလုပ်ငန်းရဲ့ထုတ် လုပ်မှုတန်ဖိုးက ၂၀၁၀ ပြည့်နှစ်မှာ ဒေါ်လာ ၃၅၅ ဘီလီယံဖိုးရှိခဲ့ပြီးဒီဈေး ကွက်ထဲမှာ အမေရိကန်ပြည်ထောင်စုရဲ့ပါဝင်မှုက ၈၀ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ယခုအခါမှာ ဈေးသက်သာတဲ့ Geeric ဆေးဝါးတွေကို ပြည်သူတွေပိုမိုရ ရှိနိုင်ဖို့အတွက် လှုပ်ရှားဆောင်ရွက်နေ သူတွေနဲ့ ဆေးဝါးကုမ္ပဏီတွေအကြား အငြင်းပွားလျက်ရှိနေဆဲဖြစ်ပါတယ်။ လုပ်အားစံနှုန်းသတ်မှတ်ရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊ အစိုးရ ဝယ်ယူ စုဆောင်းရေးနဲ့ ဉာဏပစ္စည်း ပိုင်ဆိုင်မှုစတဲ့ အခွန်အကာက်မဟုတ်တဲ့ ကိစ္စတွေမှာ အမြင်ချင်းကွဲပြားမှုကြောင့် TPP စာချုပ်အပြီးသတ်ချုပ်ဆိုဖို့နောက် ဆုံးသတ်မှတ်ရက်ကို ၂၀၁၂ ခုနှစ်ကလွဲ ချော်ခဲ့ရပါတယ်။ ယခုအငြင်းပွားမှုက လည်း TPP ရဲ့ ရှုပ်ထွေးခက်ခဲမှုကိုပြ သနေပါတယ်။ တချို့နိုင်ငံတွေကလည်း လယ်ယာစိုက်ပျိုးရေးနဲ့ ကားလို အရေးကြီးကဏ္ဍတွေမှာ ကာကွယ်မှုတွေ ပြဌာန်းဖို့ လိုလားနေပါတယ်။ ဆေးဝါးကဏ္ဍမှာတော့ ဈေးသက်သာတဲ့  Generic drugs ကိုရရှိအောင် ဆောင်ရွက်ရာမှာ ဝါရှင်တန်ကမူပိုင်ခွင့် ကန့်သတ်ထားတာကို ဆန့်ကျင်ဖို့ဖွံ့ဖြိုး ဆဲနိုင်ငံတွေက စေ့စပ်ညှိနှိုင်းရေးသမားတွေကို နယ်စည်းမခြား ဆရာဝန်များ အဖွဲ့က (Medecins Sans Front- ieres) တိုက်တွန်းထားပါတယ်။ အာရှပစိဖိတ်ဒေသက စာချုပ်ဝင် ဖြစ်သွားရင်မူပိုင်ခွင့်နဲ့တင်းတင်းကျပ်ကျပ်ဆောင်ရွက် တာခံရပြီး ဆေးဝါး အသစ်တွေ လူထုအတွက်လက်လှမ်းမမီ အောင်ဖြစ်သွားလိမ့်မယ်လို့ သတိပေးထားပါတယ်။
UNT

International Trade News

Pages