ထိုင်းအစိုးရက ဈေးကွက်ပေါက်ဈေးထက် အမြင့်ဈေးပေး၍ စပါးအပေါင်ခံသည့် စနစ်ကို ဆက်လက်ဆောင်ရွက်သွားမည်

Tue, 05/07/2013 - 04:27 -- admin

ထိုင်းအစိုးရက လယ်သမားများထံမှ စပါးကိုဈေးကွက်ပေါက်ဈေးထက် အမြင့်ဈေးပေးပြီး အပေါင်ခံတဲ့ စနစ်ကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ မတ်လ ၁၁ ရက်နေ့က သဘောတူ ဆုံးဖြတ်ခဲ့တယ်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအထိ ၎င်းဆန်ဈေးကွက်ဝင်ရောက်စွက်ဖက်မှုအစီအစဉ်ကို ဆောင်ရွက်သွားမယ်လို့ သိရတယ်။ ဒါကြောင့် ထိုင်းဆန်ဈေးက နိုင်ငံတကာ ဆန်ဈေးနှုန်းများထက် ဆက်လက်မြင့်မားနေဦးမှာဖြစ်ပြီး ဆန်တင်ပို့မှုလည်း လျော့နည်းနေဦး မှာဖြစ်တယ်။ အစိုးရအနေနဲ့လည်း လယ်သမားများအတွက် အထောက်အပံ့ ပေးရတဲ့စရိတ်ကြောင့် ဆုံးရှုံးမှုများစွာကို ရင်ဆိုင်နေရတဲ့အပြင် ထပ်မံအရှုံးနဲ့ ရင်ဆိုင်ရဦးမှာဖြစ်ပြီး ဒေဝါလီခံရကိန်း ပင်ဆိုက်နိုင်တယ်လို့ ဝေဖန်လာကြတယ်။ ပြီးခဲ့တဲ့ ဆန်ဈေးကွက်ဝင်ရောက်စွက်ဖက်မှု အစီအစဉ်တစ်နှစ်တာလုံးအတွက် အစိုးရရဲ့ ကုန်ကျသုံးစွဲငွေမှာ ဘတ်ငွေ ၃၃၇ ဒသမ၂၄ ဘီလီယံဖြစ်သော်လည်း ဝင်ငွေအဖြစ် ဘတ် ၂၀ ဘီလီယံသာ ပြန်လည်ရရှိခဲ့တယ်။ စပါးဝယ်ဖို့ ငွေထုတ်ပေးရတဲ့ လယ်ယာစိုက်ပျိုးရေးသမဝါယမဘဏ် (BAAC)ကလည်းစပါးဝယ်ယူမယ့် အစီအစဉ်အတွက် ဘဏ်မှာ ရန်ပုံငွေ မရှိတော့ကြောင်း ဘတ်ဂျက်ထပ်မံချထားပေးဖို့ တောင်းဆိုထားပါတယ်။ စပါးသို လှောင်မှုပမာဏ မြင့်မားလာသော်လည်း ထိုင်းဆန်ဈေးမှာ နိုင်ငံတကာမှ ဆန်များထက် ဈေးမြင့်တာကြောင့် တင်ပို့မှုပမာဏ လျော့နည်းမှုကို ရင်ဆိုင်နေရဆဲ ဖြစ်တယ်။                                                             
ပပ

International Trade News

Pages