အေးခဲဘဲသားများ နောင်ချိုတွင် မီးရှို့ဖျက်စီးခဲ့ရ

Tue, 05/07/2013 - 03:50 -- admin

စားသုံးသူအကာအကွယ်ပေးရေးနဲ့တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Teamအဖွဲ့-၁ ဟာ မူဆယ်-မန္တလေးကုန်သွယ်မှုလမ်းကြောင်းမှာတာဝန်ယူ နေ စဉ် မတ်လ ၅ ရက်နေ့ ၁၁း၃၀ ချိန်မှာ လားရှိုးမှ မန္တလေးသို့မောင်းနှင်လာတဲ့ Van ကားယာဉ်အမှတ် ၉က/xxxx အားစစ်ဆေးတဲ့အခါ ယာဉ်ပေါ်မှတရားမဝင် အကောက်ခွန်မဲ့အေးခဲဘဲသား (၄) ဖာအား ပိုင်ရှင်မဲ့စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ စစ်ဆေးတွေ့ရှိရတဲ့ အေးခဲဘဲသားများဟာ ပုပ်သိုးပျက်စီးလွယ် ပစ္စည်းများ ဖြစ်ခြင်း၊ မွေးမြူးရေးနဲ့ကုသရေး ဦးစီးဌာနအနေနဲ့ထောက်ခံပေးနိုင်တဲ့ပစ္စည်း မဟုတ် ခြင်းတို့ကြောင့် မတ်လ ၆ ရက် ၁၃း၀၀ ချိန်မှာ Mobile Team အဖွဲ့ခေါင်းဆောင်၊ နောင်ချို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနဲ့ပြည်သူ့ ဆက်ဆံရေးဌာန၊ ကုန်သည်အသင်းတာဝန်ရှိသူများ၊ Mobile Team အဖွဲ့ဝင်အကောက်ခွန်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ဌာနအလိုက်တာဝန်ခံ များပါဝင်တဲ့အဖွဲ့စုံနဲ့ စနစ်တကျမီးရှို့ ဖျက်ဆီးမှုပြုပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။ မီးရှို့ဖျက်ဆီးခဲ့တဲ့ အေးခဲဘဲသားမှာ အလေးချိန်အားဖြင့် ၃၂၀ ကီလိုဝန်းကျင်ရှိတယ်လို့သိရှိရပါတယ်။
Source:လရ-၁
MTN

Border Trade News

Pages