အိန္ဒိယနယ်စပ် တမူးတွင် ကုန်သွယ်မှု ပမာဏတိုးတက်

Tue, 05/07/2013 - 03:47 -- admin

မြန်မာ-အိန္ဒိယ နယ်စပ် တမူးနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွက် ကုန်သွယ်မှုပမာဏ လျာထားချက်မှာ ပို့ကုန် ၁ ဒသမ ၀၁၅ ဒေါ်လာသန်း၊ သွင်းကုန် ၁ ဒသမ ၀၁၄ ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ ၂ ဒသမ ၀၂၉ ဒေါ်လာသန်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပို့ကုန် ၁ ဒသမ ၁၀၈ ဒေါ်လာသန်း သွင်းကုန် သုည ဒသမ ၉၈၂ ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ ၂ ဒသမ ၀၉၀ ဒေါ်လာ သန်း ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ရာခိုင်နှုန်းအားဖြင့် ၁၀၃ ဒသမ ၁၀ ရာခိုင်နှုန်း ရရှိဆောင်ရွက်နိုင်ခဲ့ ပါတယ်။ တမူးစခန်းမှာ အဓိကတင်ပို့တဲ့ ကုန်ပစ္စည်းများကတော့ ကွမ်းသီး၊ စီးကရက်နဲ့ ဒေသထွက် ပဲမျိုးစုံတို့ဖြစ်ပြီး သွင်းကုန်အနေနဲ့ကတော့ ဂျုံစေ့၊ ဂျုံမှုန့်၊ Betnovate-N ၊ ပါတိတ်၊ ပုဆိုး စတာတွေ ဖြစ်ပါတယ်။ အိန္ဒိယနယ်စပ် တမူးစခန်းရဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုပမာဏ ၂၂ ဒသမ ၁၄၀ ဒေါ်လာသန်း လျာထားခဲ့ရာမှာ ၂၀၁၃ ခုနှစ် မတ် ၁ ရက်အထိ ပို့ကုန် ၁၅ ဒသမ ၄၉၇ ဒေါ်လာသန်း၊ သွင်းကုန် ၆ ဒသမ ၇၁၀ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ ၂၂ ဒသမ ၂၀၇ ဒေါ်လာ သန်းဆောင်ရွက်နိုင်ခဲ့တဲ့ အတွက် ဘဏ္ဍာနှစ်ကုန်ဆုံးဖို့ ရက် ၃၀ အလိုမှာပင် လျာထားချက် ရာခိုင်နှုန်း ပြည့်မီကျော်လွန်ခဲ့ပြီးဖြစ်ပါတယ်။ ကျန်ရှိတဲ့ရက် ၃၀ မှာလည်း ကုန်သွယ်မှုတိုးတက်ဖို့အတွက် နယ်စပ်ကုန်သွယ်ရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကုန်သည်အသင်း၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များနဲ့ ပေါင်းစပ် ညှိနှိုင်းကြိုးစားဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်။           
အောင်ကျော်မိုး(တမူး)

Border Trade News

Pages