အိန္ဒိယနယ်စပ်မှ ကွမ်းသီးတင်ပို့မှု ကျဆင်း

Tue, 10/31/2017 - 11:28 -- admin_ygn

      မြန်မာ-အိန္ဒိယနယ်စပ်ရှိ  ကုန် သွယ်ရေးစခန်းများမှ အောက်တိုဘာ ၁၄ ရက် မှ ၂၀ ရက်အထိ သီတင်းပတ် အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၀၉၉ သန်းတန်ဖိုးရှိ ကွမ်းသီး ၁၂၁ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင် တစ် ပတ်က ၄၃၄ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၃၁၃ တန်လျော့နည်း တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခု တစ်ပတ်မှာ တမူးကုန်သွယ်ရေးစခန်း ရော ရိဒ်ကုန်သွယ်ရေးစခန်းကပါ တင် ပို့မှုလျော့နည်းခဲ့တဲ့အတွက် ယခုလို တင်ပို့မှု ကျဆင်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။
         တင်ပို့မှုကိုကြည့်ပါက  ရိဒ်ကုန် သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၀၉၂ သန်းတန်ဖိုးရှိ ကွမ်းသီး ၁၁၃ တန်နဲ့ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၀၇ သန်းတန်ဖိုးရှိ ကွမ်းသီးခုနစ် တန်ခန့်ကို တင်ပို့ခဲ့ပါတယ်။ တမူးကုန်သွယ်ရေးစခန်းမှ ကွမ်း သီးအပြင် အမေရိကန်ဒေါ်လာ သုည ဒသမ ၄၁၆ သန်းတန်ဖိုးရှိ နန့်ဖာလုံ ကုန်စုံ၊ စီးကရက် ၄၅ တန်နဲ့ ရိဒ်ကုန် သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၄၅ သန်းတန်ဖိုးရှိ မုန့် မျိုးစုံ၊ စီးကရက်၊ ပလပ်စတစ်၊ မတီရှပ်၊ ကလေးအဝတ်၊ စောင်တို့ကို ၁၄၃ တန် တင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။

 

ခင်မိုးသူ

Border Trade News

Pages