ဟင်္သာတကုန်စည်ဒိုင်၌ မတ်ပဲဈေး တရိပ်ရိပ်မြင့်တက်လာ၊ ဖွဲနုနှင့် ဆန်ကွဲဈေး ယခင်တစ်ပတ်ထက် မြင့်တက်

Thu, 06/25/2020 - 05:06 -- admin_ygn

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတကုန်စည်ဒိုင်တွင် ဇွန်လ ဒုတိယပတ်က မတ်ပဲဈေးအနည်းငယ်အေးသွားသော်လည်း ဇွန် ၁၄ ရက်မှစ၍ တရိပ်ရိပ်ဈေးမြင့်တက်ခဲ့ရာ ဇွန် ၁၈ ရက်တွင်ကျပ် ၃၁၇၀ဝ  ဈေးပေါက်ခဲ့သည်။ ယခင်သီတင်းပတ်ထက် ကျပ် ၁၄၀ဝ မြင့်တက်ခဲ့ကာ အိတ် ၁၅၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ အတက်မှန်းသည့် အတွက် အဝယ်များပြီး အရောင်းအားနည်းခဲ့သည်။ ဇွန်လ ဒုတိယပတ်က တစ်တင်းလျှင် ကျပ်၁၁၂၀ဝ ဈေးပေါက်ခဲ့သော အစေ့ထုတ်ပြောင်းသည် ဇွန်လ တတိယပတ်တွင်လည်းကျပ် ၁၁၂၀ဝ ဈေးတွင် တည်ငြိမ်လျက်ရှိသည်။ ပဲတီစိမ်း(ဆီပြောင်) တစ်တင်းလျှင် ကျပ် ၃၆၅၀ဝ ဖြင့်အရောင်းအဝယ်ဖြစ်ပြီး ပဲတီစိမ်း(ဝါးခယ်မ) တစ်တင်းလျှင် ကျပ်၃၅၀ဝ၀ ဖြင့် အရောင်း အဝယ်ဖြစ်ကာ ယခင်သီတင်းပတ်ထက်ကျပ် ၅၀ဝ ကျဆင်းခဲ့သည်။ ပဲလွမ်းဖြူတစ်တင်းလျှင်ကျပ် ၂၉၅၀ဝ ဖြင့် အရောင်းအဝယ် ဖြစ်ပြီး ယခင်သီတင်းပတ်ထက် ကျပ် ၁၀ဝ၀ မြင့်တက်ခဲ့ကာ ပဲလွမ်းနီတစ်တင်းလျှင် ကျပ် ၂၇၀ဝ၀၊ ပဲပုပ်တစ်တင်းလျှင် ကျပ် ၂၀ဝ၀ဝ ဖြင့် ယခင်သီတင်းပတ်နှင့်ဈေးနှုန်းတူ  အရောင်းအဝယ်ဖြစ်ခဲ့သည်။ ဖွဲနုပေါင် ၇၀ တစ်အိတ်လျှင် ကျပ် ၈၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်သီတင်းပတ်ထက် ကျပ် ၉၀ဝ မြင့်တက်ခဲ့သည်။ ဆန်ကွဲ (၁၊၂) ၁၀၈ ပေါင်တစ်အိတ်လျှင် ကျပ် ၁၆၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်သီတင်းပတ်ထက် ကျပ် ၂၀ဝ မြင့်တက်ခဲ့ကာ ဆန်ကွဲ (၂၊၃၊၄) ၁၀၈ ပေါင်တစ်အိတ် လျှင် ကျပ် ၁၅၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်သီတင်းပတ်ထက် ကျပ် ၅၀ဝ မြင့်တက်ခဲ့ကြောင်းသိရှိရသည်။

 

မောင်မောင်မြတ်ခိုင် (ဟင်္သာတ)
 

Border Trade News

Pages