သြင်္ကန်စာကောက်ညှင်းမှုန့်၊ သာကူနဲ့ အုန်းနို့ဘူးများ အကောက်ခွန်မဲ့ တင်သွင်းမှုများနေ

Tue, 05/07/2013 - 03:50 -- admin

ယခုအခါမတ်လလယ်ကိုရောက်ရှိပြီး အတာသြင်္ကန် အခါကာလနဲ့ နီးလာပြီဖြစ်ပါတယ်။ မြန်မာ့ဓလေ့ထုံးစံအရ သြင်္ကန်ကာလသြင်္ကန်မဏ္ဍာပ်များမှာ စတုဒီသာကျွေးမွေး ဧည့်ခံမှုတွေရှိသလိုရပ်ကွက်အတွင်း၊ လမ်းအတွင်း အိမ်နီးချင်း များကိုလည်း သြင်္ကန်မုန့်များပြုလုပ်ဝေငှကာ ကုသိုလ် ပြုမှုများရှိပါတယ်။ မြဝတီ-ရန်ကုန်ကုန်သွယ်မှု လမ်းကြောင်းမှာ စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ် မှုများ တားဆီးရေး ရွေ့လျားအဖွဲ့-၂ ဟာ မတ်လ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်း သြင်္ကန်စာ-ကောက်ညှင်းမှုန့်များကို အများအပြား စစ်ဆေးတွေ့ရှိနေတယ်လို့ သတင်းရရှိ ပါတယ်။ ကောက်ညှင်းမှုန့် ၁၇၂၅၀၀ ကျပ်ဖိုးသိမ်းဆည်း ရမိခဲ့ကြောင်းနဲ့ အုန်းနို့ဘူး ၄၅ ဖာတန်ဖိုးအားဖြင့် ကျပ် ၃၃၇၅၀၀ ဖိုးနဲ့ ကျပ် ၈ သိန်းတန်ဖိုးရှိ သာကူအိတ်များကိုလည်း မှန်လုံခရီးသည်တင် ယာဉ်များပေါ်က ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
Source:Mobile Team-2
MTN

Border Trade News

Pages