လမ်းပန်းဆက်သွယ်ရေးခက်ခဲနေလို့ ရှမ်းချင်းကို ပြည်တွင်းဝယ်လက်များကသာဝယ်ယူ

Wed, 08/09/2017 - 06:24 -- admin_ygn

         ရှမ်းချင်းကတော့ အရောင်းအဝယ်ဖြစ်နေတယ်လို့ဆိုရုံပါပဲ။ အောင်ပန်း ဈေး ကွက်မှာတော့ ဥမတွေကို ထိုးချင်းအတွက်ဝယ်ယူနေပြီး၊ ပြည်တွင်းဝယ်လက်တွေ သာ အဝယ်ရှိနေပါတယ်။ မိုးရာသီဖြစ်တာကြောင့် လမ်းပန်း ဆက်သွယ်ရေး အနည်း ငယ် အခက်အခဲရှိနေတာကြောင့် ဝယ်လက်တွေက ဝယ်ယူဖို့ အမှာစာပို့ထားပြီး၊ ကားတစ်စီးစာရမှ သယ်ယူကြပါတယ်။ စစ်တွေ၊ တောင်ကုတ် ဝယ်လက်တွေကလည်း ဒီအတိုင်းပဲ သယ်ယူနေတယ်လို့ သိရပါတယ်။ အလုံးအရင်းအလိုက် မရောင်းရပေမယ့် နည်းနည်းချင်းစီတော့ ရောင်းနေရတယ်လို့လည်း သိရပါတယ်။ အောင်ပန်းဈေး ကွက်မှာတော့ ချင်းအဝင်ကလည်းနည်းနေပါပြီ။ ငါးရက်တစ်ဈေးမှာ ပိဿာချိန် ရာဂဏန်းခန့် သာ အဝင်ရှိတော့တယ်လို့လည်း ချင်းပွဲရုံတွေထံမှသိရပါတယ်။ ချင်းခြောက်ကတော့ တာရှည်ခံထားလို့ရတဲ့ပစ္စည်းဖြစ်လို့ အရောင်းအဝယ်မကောင်းရင်လည်း ဒီအတိုင်းပဲသိုလှောင်ထားရတယ်လို့သိရပါတယ်။ အောင်ပန်းဈေးကွ က်မှာ ဒီတစ်ပတ်ချင်းတစ်ပိဿာပေါက်ဈေးက (ဥမ)ဆိုရင် အနိမ့်ဆုံးကျပ်၂၀၀မှ အမြင့်ဆုံး ကျပ် ၅၀၀ ဈေးရှိပြီး ချင်းခြောက်ကတော့ ကျပ် ၁၃၀၀ ဈေးရှိ ကြောင်းသိရပါတယ်။ ဟိုပုံးချင်းကတော့ ဒီတစ်ပတ်မှာလည်း အရောင်းအ၀ ယ်ဖြစ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို တင်ပို့ဖို့အတွက် စစ်တွေဝယ်လက်တွေက အဝယ်ရှိနေပါတယ်။ တစ်ပတ်အတွင်း ချင်း(ဥမ) ပိဿာချိန် တစ်သိန်းခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့လည်းသိရပါတယ်။ တစ်ပိဿာပေါက်ဈေး ကတော့ ကျပ်  ၃၀၀ မှ ၃၁၀ ဈေး ရှိပါ တယ်။ ချင်းခြောက်ကတော့ အဝင်မရှိတော့သလို လက်ကျန်လည်း နည်းနေပါ တယ်။ ချင်းခြောက်တစ်ပိဿာပေါက်ဈေးကကျပ် ၁၁၀၀ ရှိကြောင်း သိရပါတယ်။

 

ဧဧခိုင်-တောင်ကြီး

Border Trade News

Pages