မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တွင် ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်ဆောင်ရွက်လာပြီ

Tue, 12/13/2016 - 06:33 -- admin_ygn

          မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ဟာ မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုတွင် အဓိကအကျဆုံး စခန်းဖြစ်ပြီး မြန်မာနိုင်ငံ တစ်နိုင်ငံလုံး၏ ကုန်သွယ်မှုပမာဏ၏ ၂၀ရာခိုင်နှုန်းခန့် ဆောင်ရွက် နိုင်ခဲ့ ကြောင်း၊ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ဟာ တစ်ရက်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁၄သန်းခန့် ဆောင်ရွက်နိုင်ပြီး အဓိကအားဖြင့် ပို့ကုန်ဟာ တစ်ရက်ပျမ်းမျှ အမေရိကန်ဒေါ်လာ ကိုးသန်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ေ ရးဇုန်ဟာ အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက် တိုက်ခိုက်ခြင်းမပြုမီ နိုဝင်ဘာ ၁၉ရက်အထိမှာ ပို့ကုန်သွင်းကုန်ကားစီးရေ ပျမ်းမျှ ၁၀၀၀နီးပါးနဲ့ ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၁၁ သန်း ပုံမှန်ဆောင်ရွက်နိုင်တာကို ေ အာက်ပါအတိုင်း တွေ့ရှိရပါတယ်။
         ဒါပေမယ့် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ရက်မှာ အကြမ်းဖက်သောင်းကျန်းသူများက ကုန်သွယ်ရေး ဇုန် သစ်သီးဝလံကုန်ချကွင်း၊ ပွဲရုံဂိုထောင်ဝင်းများ၊ OSS မြန်မာနိုင်ငံရဲတပ်ဖွဲ့ရုံးနှင့် ပန်ဆိုင်းကြူကုတ် မောင်းတံဂိတ်တို့ အား ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့်  နိုဝင်ဘာ ၂၀ရက်မှ ၂၄ ရက်ထိ ကုန်သွယ်မှုလုပ်ငန်းများ ယာယီရပ်ဆိုင်းသွားခဲ့ရကြောင်း တွေ့ရှိရပါတယ်။ အကြမ်းဖက်သောင်းကျန်းသူများရဲ့ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာ ၂၀ ရက် မှ ၂၄ ရက်ထိ ကုန်သွယ် မှု ရပ်ဆိုင်းခဲ့ရသဖြင့် ကုန်သွယ်မှုကဏ္ဍအနေဖြင့် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၅၅သန်းကျော် ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ရပါတယ်။
          တပ်မတော် စစ်ကြောင်းများက နယ်မြေအေးချမ်းတည်ငြိမ်ရေးအတွက်  ဝင်ရောက်ထိန်းသိမ်းပေးခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ OSS ဌာန အသီးသီးရှိ အကြီးအကဲများနှင့် ဆက်သွယ်ပူးပေါင်းကာ ကုန်သွယ်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ရေး အဆင့်ဆင့် စီမံကွပ်ကဲမှုများ ပြုလုပ်ခြင်း၊ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ OSS အဖွဲ့ဝင် ဝန်ထမ်းများ၊ ကုန်သည်လုပ် ငန်းရှင်များ၊ မူဆယ်နမ့်ခမ်း နယ်စပ်ကုန်သည်ကြီးများ အသင်းမှ တာဝန်ရှိ သူများရဲ့ ပူးပေါင်းဆောင်ရွက်မှုများကြောင့် နိုဝင်ဘာ ၂၅ ရက်မှာ လုပ်ငန်း ပြန်လည် စတင်ဆောင် ရွက်နိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီဇင်ဘာ ၂ ရက် အထိ ပို့ကုန်၊ သွင်းကုန်၊ ကုန်သွယ်မှုများကို အောက်ပါ အတိုင်း ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရှိရပါတယ်။ ယခုလို မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တွင် ကုန်သွယ်မှု လုပ်ငန်းများ ပြန်လည်၍ ပုံမှန်ဆောင် ရွက်နိုင်ခြင်းဟာ တပ်မတော်နှင့် OSS အဖွဲ့ဝင်ဝန်ထမ်းများ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့် ကုန်သည် လုပ်ငန်းရှင်များမှ ဝိုင်းဝန်းပူးပေါင်း၍ စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ပေးခဲ့မှုများကြောင့် နယ်မြေ အေးချမ်း လုံခြုံမှုရှိလာတဲ့အတွက် ကုန် သွယ်မှု ပုံမှန်အနေအထားဖြင့် ပြန်လည် ဆောင်ရွက်နိုင်ခဲ့တာဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။

 

ရှင်မင်းအံ့ (တန့်ဆည်)

Border Trade News

Pages