မူဆယ်ရော တာချီလိတ်နယ်စပ်မှပါ ကြက်သွန်နီတင်ပို့

Mon, 06/12/2017 - 04:06 -- admin_ygn

      မေ ၂၇ ရက်မှ ဇွန် ၂ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ- တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၂၂၉ သန်းတန်ဖိုးရှိ ကြက်သွန်နီ ၆၁၁ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၁၂၀၅ တန်နဲ့ နှိုင်းယှဉ်ပါက ၅၉၄ တန်လျော့နည်း တင်ပို့ခဲ့ပါတယ်။ မေလအတွင်း မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ကြက်သွန်နီ တန်ချိန် ခြောက်ထောင်ခန့် တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန် ဒေါ်လာ ၂၇၅၄၈ တန်ဖိုးရှိ ကြက်သွန်နီ ၆၈ တန်ကိုလည်းကောင်း၊ အမေရိ ကန်ဒေါ် လာ ၅၄၉၉၅၀ တန်ဖိုးရှိ ကြက်သွန်ဖြူ ၄၁၅ တန်ကိုလည်းကော င်း ထိုင်းနိုင်ငံသို့တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တာချီလိတ်မှ ကြက်သွန်နီတင်ပို့မှုမရှိဘဲ ကြက်သွန်ဖြူ တန် ၁၀၀သာ တင်ပို့ခဲ့ပြီး မေတစ်လလုံး ကြက်သွန်နီ တန် ၇၀၀ နဲ့ ကြက်သွန်ဖြူတန် ၁၀၀၀ကို တာချီလိတ် ကုန်သွယ်ေ ရး စခန်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့တယ်လို့သိရပါတယ်။

 

မော်မော်အောင်

Border Trade News

Pages