မူဆယ်မှ ဝါဂွမ်းလျော့နည်းတင်ပို့

Fri, 02/24/2017 - 04:31 -- admin_ygn

        မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဖေဖော် ဝါရီ ၄  ရက်မှ ၁၀ ရက်အတွင်း အမေရိကန်ဒေါ်လာ ၃၅၂၀၀၀ တန်ဖိုးရှိ ငွေချည်-၆ ဝါဂွမ်း တန် ၁၆၀ တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၂၀၂ တန်ခွဲ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဝါ ၄၂ တန်ခွဲ လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။ တရုတ်နိုင်ငံက ယခုလို ပုံမှန်ဝယ်ယူတာကြောင့် ဝါစိုက်တောင်သူတွေအတွက် အခြေအနေကောင်းလာ တာလို့ တံတားဦးမြို့မှ ဝါစိုက်တောင်သူတစ်ဦးက ပြောပါတယ်။ ငွေချည်-၆-ဝါ တစ်တန်ကို လိုင်စင်ဈေး အမေရိကန်ဒေါ်လာ ၂၂၀၀ ရှိပါတယ်။

 

မော်မော်အောင်

Border Trade News

Pages