မူဆယ်မှ ရေထွက်ကုန်ပမာဏကျဆင်းသော်လည်း တန်ဖိုးပိုမို

Thu, 10/06/2016 - 05:29 -- admin_ygn

       မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ စက်တင်ဘာ ၁၇ ရက်မှ ၂၃ ရက် သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၂ ဒသမ ၂၂၄ သန်းတန်ဖိုးရှိ ရေထွက်ကုန်ပစ္စည်း ၁၀၄၃ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၉၈ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၁၁၅၂ တန်ကျော် တင်ပို့ခဲ့တာ ကြောင့် ယခုတစ်ပတ်မှာ ရေထွက်ကုန်တန်ချိန်အနေနဲ့ ၁၀၉ တန်လျော့နည်းပြီး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၂၆ သန်း ပိုမိုလာတာတွေ့ရပါတယ်။
        ငါးရှဉ့် ၂၆ တန်ကျော်၊ ငါးမှုန့် ၆၈ တန်ခွဲ၊ ပုစွန်ဖွဲ ၁၂၆ တန် တင်ပို့ခဲ့ရာတွင် တန်ချိန်ပိုမိုသော်လည်း တန်ဖိုး လျော့နည်းသွားခဲ့ပေမယ့် ကဏန်း ၃၁ တန်၊ ငါးမျိုးစုံ ၁၄ တန်၊ ငါးဆားနယ် ၄၄ တန်ခွဲနဲ့ ရေငန်ပုစွန် ရှစ်တန်နီးပါး တင်ပို့ခဲ့ရာ တန်ဖိုးအားဖြင့် ယခင်တစ်ပတ်ထက် ပိုမိုလာခဲ့ တာကြောင့် ယခုတစ်ပတ်မှာ ရေထွက်ကုန် ပမာဏ ကျဆင်း ခဲ့ပြီး တန်ဖိုး ပိုမိုခဲ့ရတာဖြစ်ကြောင်း၊ တစ်ဖက်နိုင်ငံတွင် ယခင်တစ်ပတ်က ငါးရှဉ့်တစ်တန်ကို ၃၅၀၀၀ ယွမ်ဈေးရှိ ရာမှ ယခုတစ်ပတ်တွင် ယွမ် ၃၀၀၀၀ သို့ဈေးကျခဲ့ပြီး၊ ကဏန်းတစ်တန်ဈေးကတော့ ယခင်တစ်ပတ်အတိုင်း ၆၃၅၄၂ ယွမ်ပဲရှိတယ်လို့ မူဆယ် ကုန်စည်ဒိုင်မှ သိရပါ တယ်။

 

မော်မော်အောင်

Border Trade News

Pages