ပြည်ပမှ ဆိုင်ကယ်များ ပိုမိုတင်သွင်း

Fri, 06/02/2017 - 06:22 -- admin_ygn

တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်း များမှ မေလ ၁၃ ရက်မှ ၁၉ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၀၂၀ သန်းတန်ဖိုးရှိ ဆိုင်ကယ်မျိုးစုံ ၁၄၃၃၀ စီးကို တင်သွင်းခဲ့ ပါတယ်။ယခင် တစ်ပတ်က ၁၃၅၁၀ စီးသာ တင်သွင်းခဲ့တဲ့အတွက် ယခု တစ်ပတ်မှာ အစီး ၈၂၀ ပိုမိုတင်သွင်းခဲ့တယ်လို့ သိရ ပါတယ်။ တင်သွင်းမှုကိုကြည့်ပါက မူဆယ်ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၄ ဒသမ ၁၁၉ သန်း တန်ဖိုးရှိ ဆိုင်ကယ် ၁၂၂၇၇ စီး၊ ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ  သုည ဒသမ ၀၇၉ သန်း တန်ဖိုးရှိ ဆိုင်ကယ် ၂၇၅ စီး၊ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၂ ဒသမ ၇၉၄ သန်း တန်ဖိုးရှိ ဆိုင်ကယ် ၁၇၆၀ စီးနဲ့ တမူးကုန် သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၂၈ သန်းတန်ဖိုး ရှိ ဆိုင်ကယ် ၁၈ စီးကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
    ယခုတစ်ပတ်မှာ တမူးကုန်သွယ်ရေးစခန်းမှ ဆိုင်ကယ်တင်သွင်းမှု လျော့ နည်းခဲ့ပေမယ့် မူဆယ်ကုန်သွယ်ရေးဇုန်၊ မြဝတီကုန်သွယ်ရေးဇုန်နဲ့ ကန်ပိုက်တီကုန်သွယ်ရေးစခန်းများမှ ဆိုင်ကယ်များ ပိုမိုတင်သွင်းနိုင်တဲ့ အတွက်ေ ကြာင့်ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

 

ခင်မိုးသူ

Border Trade News

Pages