ထိုင်းနယ်စပ်မှ ရေထွက်ကုန် ပိုမိုတင်ပို့

Thu, 08/31/2017 - 08:19 -- admin_ygn

        မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ သြဂုတ် ၁၂ ရက် မှ ၁၈ ရက်အထိ  သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ  ၄ ဒသမ ၈၂၇ သန်းတန်ဖိုးရှိ  ရေထွက်ကုန် ၅၂၃၂ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် က ၃၈၂၈ တန် တင်ပို့ခဲ့တဲ့အတွက် ယခု တစ်ပတ်မှာ ၁၄၀၄ တန်ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်း ကုန်သွယ်ရေးစခန်း၊ မြိတ် ကုန်သွယ် ရေးစခန်း သုံးခုလုံးမှ ရေထွက် ကုန်များ ပိုမိုတင်ပို့ခဲ့တဲ့အတွက် ယခုလိုပိုမိုရခြင်း ဖြစ်ပါတယ်။ စခန်းအလိုက် တင်ပို့မှုကို ကြည့်ပါက မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅၇ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၊ ကဏန်း၊ ပုစွန်တို့ကို တန် ၁၃၀ ၊ ေ ကာ့သောင်း ကုန် သွယ်ရေးစခန်းမှ  အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၀၂ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၊ ကဏန်း၊ ပုစွန်၊ ကင်းမွန်၊ ရေဘဝဲ၊ ပင်လယ်ငါးရှဉ့်၊ အခြားရေထွက်တို့ကို ၂၉၉၈ တန်၊မြိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၂ ဒသမ ၁၆၈ သန်း တန်ဖိုးရှိ ငါးမျိုးစုံ၊ ငါးမှုန့်၊ ရေငန်ပုစွန်၊ ကင်းမွန်၊ သဲကဏန်း၊ ကင်းမွန်(လိပ်) တို့ကို ၂၁၀၃ တန် တင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။

 

ခင်မိုးသူ

Border Trade News

Pages