တရုတ်နှင့် ထိုင်းဝယ်လက်များကြောင့် လျှော်ဖြူဈေးမြင့်တက်

Wed, 02/15/2017 - 04:27 -- admin_ygn

       တရုတ်နှင့်ထိုင်းနိုင်ငံတို့မှ ဝယ်လက်များကြောင့် လျှော်ဖြူစေး (ဆေး ကုလားမ)ဈေးမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာကြောင်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာမှ ကုန်သည်ဦးသိန်းဇော်က ပြောကြားခဲ့ပါတယ်။ ဒေသ တွင်း လျှော်ဖြူတစ်ပိဿာပေါက်ဈေးမှာ (A) အဆင့် (အဖြူမှန် ကြည်) ကျပ် ၃၅၀၀၀၊ ကျပ် ၄၀၀၀၀၊ (B) အဆင့် ကြက်သွေးရောင်ကျပ် ၂၅၀၀၀၊ ကျပ် ၃၀၀၀၀၊ (C) အဆင့် (အနောက်) ကျပ် ၁၅၀၀၀၊ ကျပ် ၂၀၀၀၀ ဈေးအသီး သီးရှိပြီး ယခင်နှစ်ထက် တစ်ပိဿာ ကျပ် ၁၅၀၀၀ ခန့် ဈေးမြင့်တက်ခဲ့ပါတယ်။
       လျှော်ဖြူစေးကို ပရဆေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ ရက်ကန်းနဲ့ အထည်အလိပ်လုပ်ငန်းများတွင် အသုံးပြုကြောင်း၊ ပြည်ပဝယ်လိုအားမှာလည်း တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာကြောင်း လျှော်ဖြူစေးကုန်သည်များ ထံမှ သိရှိရပါတယ်။ လျှော်ဖြူပင်များကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၄ မြို့နယ် ၌ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိရာ ဧက ၂၇၀၀ ခန့်ရှိပြီဖြစ်ကြောင်း ခြံလုပ်ငန်းရှင် များထံမှ သိရှိရပါတယ်။

 

အောင်မင်း(တန့်ဆည်)

Border Trade News

Pages