တရုတ်နယ်စပ်ရော ထိုင်းနယ်စပ်မှပါ ပြောင်းတင်ပို့

Wed, 06/28/2017 - 07:38 -- admin_ygn

      မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေးဇုန်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီ ကုန်သွယ်ရေး စခန်းစုံမှ ဇွန် ၁၀ ရက်မှ ၁၆ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၈၄ သန်း တန်ဖိုးရှိပြောင်းဖူးစေ့ ၁၇၆၀၉ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်း အလိုက် တင်ပို့မှုမှာ မူဆယ်မှ ၁၂၈၆၇ တန်ကျော်၊ လွယ်ဂျယ်မှ ၃၇၄၅ တန်၊ ချင်းရွှေဟော်မှ ၉၇၆ တန်ခွဲနဲ့ ကန်ပိုက်တီမှ တန် ၂၀ ဖြစ်ပါတယ်။ ယခင်တစ်ပတ်က မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်စခန်းသုံးခုမှ ပြောင်းဖူးစေ့ ၂၀၁၉၄ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၂၅၈၅ တန် လျော့နည်း တင်ပို့ခဲ့ပါတယ်။  
         မူဆယ်ကုန်စည်ဒိုင်မှာ ဇွန် ၃ ရက်မှ ၉ ရက်အထိ သီတင်းပတ်မှာ ပြောင်းတစ်တန်ကို ၂၅၆၈၀၉ ကျပ်ရှိရာမှ ဇွန် ၁၀ ရက်မှ ၁၆ ရက်အထိ သီတင်းပတ်မှာ ၂၅၉၃၃၂ ကျပ်သို့ ဈေးဆက်လက်မြင့်တက်လာခဲ့ကြောင်း၊ မူဆယ် မှာပြောင်းတစ်ပိဿာ သယ်ယူခမှာ ၅၇-၆၂ ကျပ်ရှိပြီး ပြောင်းကားစီးရေ ၇၁၄ စီးဝင်ရောက်ခဲ့ကြောင်း၊ တစ်ဖက်နိုင်ငံဝယ်ဈေးမှာ ယွမ် ၁၄၄၀ ရှိကြောင်း မူဆယ်ကုန်စည်ဒိုင်မှသိရပါတယ်။ အလားတူ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီ လိတ်ကုန်သွယ် ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ ၂၂၆၃၀ တန်ဖိုးရှိ ပြောင်းတန်ချိန် ၁၀၀ ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့တယ်လို့ သိရ ပါတယ်။

 

မော်မော်အောင်

Border Trade News

Pages