တရုတ်နယ်စပ်မှ သကြားပိုမိုတင်ပို့ပြီး ထိုင်းနယ်စပ်မှလည်း သကြားပိုမိုတင်သွင်း

Wed, 06/28/2017 - 07:41 -- admin_ygn

         မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေးဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ဇွန် ၁၀ ရက်မှ ၁၆ ရက်အထိ သီတင်းပတ်အတွင်း  အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၉၁၀ သန်းတန်ဖိုးရှိ  Re-export သကြား ၂၁၄၇၆ တန် ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုမှာ မူဆယ်မှ ၁၈၅၆၄ တန်နဲ့ ချင်းရွှေဟော်မှ ၂၉၁၂ တန်ကျော်ဖြစ်ပါတယ်။ ယခင်တစ်ပတ်က အဆိုပါစခန်းနှစ်ခု မှ သကြားတန်ချိန် ၂၀၄၅၀ တန်ကျော်တင်ပို့ခဲ့လို့ ယခုတစ် ပတ်မှာ တရုတ်နိုင်ငံသို့သကြား ၁၀၂၆ တန်ပိုမိုတင်ပို့ခဲ့ပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ သကြားတစ်တန်ကို ကျပ် ၇၇၂၂၀၀ ရှိပြီး တစ်ဖက်နိုင်ငံဝယ်ဈေးမှာ ယွမ် ၃၉၆၀ ရှိတယ်လို့ သိရပါတယ်။ မြန် မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၄၉ သန်းတန်ဖိုးရှိ Re-export သကြား ၆၄၅၃ တန်ကို ထိုင်းနိုင်ငံမှ တင်သွင်းလာခဲ့ရာ ယခင်တစ်ပတ်ကတင်သွင်းခဲ့တဲ့ ၅၆၅၂ တန်ကျော် နဲ့ နှိုင်းယှဉ်ပါက တန်ရှစ်ရာကျော်ပိုမိုတင်သွင်းလာခဲ့ပါတယ်။ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ဇွန် ၁၄ ရက်က သကြား တစ်ပိဿာဈေးကျပ် ၁၁၀၅-၁၁၃၀ ရှိတယ်လို့ သတင်းရရှိပါ တယ်။

 

မော်မော်အောင်

Border Trade News

Pages