တရုတ်နယ်စပ်မှ ကြက်သွန်နီပိုမိုတင်ပို့ပြီး ထိုင်းနယ်စပ်မှ လျော့နည်းတင်ပို့

Thu, 06/01/2017 - 05:33 -- admin_ygn

         မေ ၁၃ ရက်မှ ၁၉ ရက်အထိ သီတင်းပတ်အတွင်း   မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၂၆ သန်း တန်ဖိုးရှိ ကြက်သွန်နီ ၁၄၀၁ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ ရာ  ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၆၈၉ တန်နဲ့ နှိုင်းယှဉ်ပါက ၇၁၂ တန်ပိုမိုတင်ပို့ ခဲ့တာ တွေ့ရပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေးစခန်းကတော့   အမေရိ ကန်ဒေါ်လာ ၄၆၉၁၇ တန်ဖိုးရှိ ကြက်သွန်နီ ၁၂၅ တန်နဲ့ အမေရိကန်ဒေါ်လာ ၂၅၀၇၅၀တန်ဖိုးရှိ ကြက်သွန်ဖြူ တန် ၁၇၀ ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က တာချီလိတ်မှ ကြက်သွန်နီ ၃၅၆ တန်  တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် မှာ ၂၃၁ တန်လျော့နည်းတင် ပို့ခဲ့ပါတယ်။ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မေ ၁၅ ရက် ကြက်သွန်နီ(အသစ်) တစ်ပိဿာကို ကျပ် ၆၀၀ မှ ၈၂၅၊ ကြက်သွန်ဖြူ (အောင်ပန်း) တစ်ပိဿာကို ကျပ် ၂၆၀၀မှ ၃၅၀၀ဈေးရှိတယ်လို့ သိရပါတယ်။

 

မော်မော်အောင်

Border Trade News

Pages