တရားမဝင်ကုန်သွယ်မှု တားဆီးထိန်း ချုပ်ရေးဗဟိုကော်မတီမိုဘိုင်းအဖွဲ့များမှ အများဆုံးဖမ်းဆီးရမိကုန်ပစ္စည်းများ

Fri, 10/09/2015 - 14:44 -- admin_ygn

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ မှ ၂၀၁၅ ခုနှစ် ဩဂုတ်လကုန်ထိ နှစ်နှစ်နဲ့ ကိုးလတာကာလအတွင်းမှာ တရားမဝင်ကုန်သွယ် မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမိုဘိုင်းတင်းမ်အဖွဲ့များမှ အများဆုံး ဖမ်းဆီးရမိ ကုန်ပစ္စည်းများမှာ တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်လာတဲ့ မော်တော်ယာဉ်၊ကျောက်စိမ်းဟု ယူဆရသော ကျောက်၊လိုင်စင်မဲ့မော်တော်ယာဉ်၊  မိုဘိုင်းဖုန်း ဟန်း ဆက်၊ တမလန်းသစ်၊ Ice ပုံဆောင်ခဲ၊ရွှေ၊ဘီယာ၊ အေးခဲအသား၊လျှပ်စစ်ဒီတိုေ နတာ တို့ဖြစ်ကြပါတယ်။အုပ်စုအလိုက် သိမ်းဆည်းရမိပစ္စည်းများနဲ့ ခန့် မှန်းတန်ဖိုးများကတော့ရွှေနဲ့ သတ္တုတွင်းထွက်အုပ်စုမှာ ကျောက်စိမ်းကျပ် ၅၁၀၇ သန်း၊ ရွှေကျပ်သန်း ၈၄၀၊ အင်ကြင်းကျောက် ကျပ် ၃၃၇ သန်း၊ သလင်းေ ကျာက် ကျပ် ၂၅၆ သန်း၊သတ္တုကျောက်မှုန့် ၆၇ သန်း၊သတ္တုရိုင်း ကျပ် ၁၅ သန်းနဲ့ စကျင်ကျောက် ကျပ် ၁၂ သန်း ခန့်မှန်း တန်ဖိုး အသီးသီးဖြစ်ပြီး အရေအတွက်အားဖြင့် ကျောက်စိမ်း ၅၇ တန်ကျော်၊အင်ကြင်းကျောက် ၁၇ တန်ခန့်၊ သတ္တုကျောက်မှုန့် ၁၅ တန်ခန့်၊ စကျင်ကျောက်နဲ့သလင်းကျောက် ၅ တန်ကျော်စီ၊ သတ္တုရိုင်း ၂၉၁ ကီလို ဂရမ်နဲ့ ရွှေ ၁၉ ကီလိုဂရမ် အသီးသီး ဖြစ်ပါတယ်။
      သစ်နဲ့သစ်တောထွက်အုပ်စုမှာ တမလန်းသစ် ကျပ် ၁၈၀၃ သန်း၊ပိတောက်သစ် ကျပ် ၅၂၂ သန်း၊ သစ်ခွ ကျပ် ၃၁၅ သန်း၊ သစ်နဲ့သစ်တောထွက်ပစ္စည်း အခြားကျပ် ၁၉ သန်း ဆင်သားရေခြောက် ကျပ်သန်း ၂၀၊ မြေ ကျပ် ၁၁ သန်း၊ လိပ်ကျပ်၁ သန်းနဲ့ သင်းခွေချပ် အခွံ ကျပ် ၅ သန်းတို့အားသိမ်းဆည်းရမိခဲ့ပြီး တမလန်းသစ်မှာ အများဆုံးသိမ်းဆည်းရမိတဲ့ သစ်တောထွက်ကုန်ဖြစ်ပါတယ်။ ယေဘုယျခြုံငုံပြီးကြည့်မယ်ဆိုလျှင် တရားမဝင် ကုန်ပစ္စည်း တင်ဆောင်တဲ့ယာဉ် အစီးရေ ၄၉၄ စီး၊ခန့်မှန်းတန်ဖိုးကျပ် ၉၁၃၃သန်းနဲ့ ထိပ်ဆုံးမှာရှိနေပါတယ်။လိုင်စင်မဲ့မော်တော်ယာဉ်သိမ်းဆည်းရမိမှုက ဒုတိယနေရာမှာရှိနေပြီး ကျောက်စိမ်းက တတိယနေရာမှာရှိနေပါတယ်။ သိမ်းဆည်း ရမိစီးရေ ၃၈၀ စီးဖြစ်ပြီး ခန့်မှန်းတန်ဖိုးက ကျပ် ၄၂၉၉ သန်းဖြစ်ပါ တယ်။ထိပ်ဆုံး ၁၀ နေရာစာရင်းမှာ ဝင်နေတဲ့ သိမ်း ဆည်းရမိကျန်ပစ္စည်း ၇ မျိုးကတော့ မိုဘိုင်းဖုန်း ဟန်း ဆက် ၅၂၀၉၃ လုံး ကျပ် ၉၁၃၃ သန်း၊ပိတောက်သစ် ၄၇၀ တန် ကျပ် ၁၈၀၃ သန်း၊ ှုခန ပုံဆောင်ခဲ ၅၃ ကီလို ကျပ် ၁၃၂၅ သန်း၊ရွှေ ၁၉ ကီလို ကျပ်သန်း ၈၄၀၊ ဘီယာမျိုးစုံ ၁၇၈၄၉၀၃ လုံး၊ကျပ် ၇၃၅ သန်း၊ အေးခဲ အသား ၁၇၄ ဒသမ ၇၂၈ တန် တန်ဖိုး ကျပ်သန်း ၆၉၀ နဲ့ လျှပ်စစ် ဒီတိုနေတာ ၃၃၉၀ဝ၀ ခု၊ ကျပ် ၆၇၈ သန်းဖိုး အသီးသီးဖြစ်ပါတယ်။ ကျန်အများဆုံး ဖမ်းဆီးရမိကုန်ပစ္စည်းတွေကတော့ အရက်၊ ဝိုင်၊ ဓါတုဆေးရည်၊ အမိုးနီးယားနိုက်တြိတ်၊ မော်တော်ဆိုင်ကယ်၊ ကျွဲ၊ နွား၊ ဆိတ်နဲ့စိတ်ြွကရူးသွ ပ်ဆေးပြား များဖြစ်ကြပါတယ်။ စုစုပေါင်းသိမ်းဆည်းရမိပစ္စည်းများရဲ့ခန့်မှန်းတန်ဖိုးကတော့ ကျပ်သန်းပေါင်း ၂၅၄၆၀ ရှိနေပြီလို့ သိရပါတယ်။

 

MIRT

Border Trade News

Pages