တစ်ပတ်အတွင်း ဆန်နဲ့ဆန်ကွဲတန်ချိန်ခြောက်သောင်းကျော်တင်ပို့

Fri, 12/01/2017 - 06:25 -- admin_ygn

     မြန်မာ-တရုတ်နယ်စပ်နဲ့   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရှိကုန်သွယ်ရေးစခန်းများမှ နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက် အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၈၁၄ သန်းတန်ဖိုးရှိ ဆန်နဲ့ကောက်ညှင်းဆန်  ၅၂၄၃၁ တန် နီးပါးတင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရဲ့ ကုန်သွယ် ရေးစခန်းများဖြစ်တဲ့ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၇၆ တန်ကျော်၊ ဧည့်မထဆန်  ၄၉၁၄၅ တန်နဲ့ ကောက်ညှင်းဆန် ၃၁၉ တန်ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် ၂၁၀၄တန်ကျော်တင်ပို့ခဲ့ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေး စခန်းမှ ဧည့်မထ ဆန် ၃၂ တန်၊ မောင်တောကုန်သွယ်ရေးစခန်း မှ ဧည့်မထဆန်၇၅၅ တန်ကျော် တင်ပို့ခဲ့တာကြောင့် စုစုပေါင်း ၅၂၄၃၁တန်တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ဆန်၄၉၂၂၅ တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၃၂၀၆ တန် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။
         မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်နဲ့  လွယ်ဂျယ်ကုန် သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ  သုည ဒသမ ၈၃၁ သန်းတန်ဖိုးရှိ ဆန်ကွဲ ၂၇၇၅ တန်တင်ပို့ခဲ့ရာ မူဆယ်မှ ၂၄၈၂ တန်နဲ့ လွယ်ဂျယ်မှ ၂၉၃ တန်တင်ပို့ခဲ့ပါ တယ်။ ယခင် တစ်ပတ်က ဆန်ကွဲ ၁၇၈၃တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ် ပတ်မှာ ၉၉၂တန် ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ နိုဝင်ဘာ ၁၂ရက်မှ ၁၈ရက်အထိ သီတင်းပတ်အတွင်း အမေရိ ကန်ဒေါ်လာ ၁ဒသမ ၇၆၆သန်းတန်ဖိုးရှိ ဆန်ဖြူနဲ့ပေါင်းဆန်  ၅၄၁၅တန် တင်ပို့ခဲ့ရာ စင်ကာပူနိုင်ငံသို့ ငစိန်ဆန်တန်တစ်ဝက်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဧည့်မထဆန်တန်ချိန်၇၅၀၊ တရုတ်နိုင်ငံ သို့ ငစိန် ဆန်တန်ချိန် ၅၀၊ ဂျပ န်နိုင်ငံသို့ ဧည့်မထဆန် တန်ချိန် ၅၀၀၊ သီရိလင်္ကာနိုင်ငံသို့ ဧည့်မထဆန်တန်ချိန် ၇၅၀နဲ့ ငစိန်ဆန် ၇၅တန်၊ မက်ဒါဂါစကားနိုင်ငံသို့ ဧည့်မထ ဆန်တန်ချိန်၂၅၄၀၊ တောင်အာဖရိကနိုင်ငံသို့ ဧည့်မထဆန် တန်ချိန် ၅၀၀ နဲ့ ဘယ်လ် ဂျီယံနိုင်ငံသို့ ဧည့်မထဆန်တန်ချိန် ၂၅၀ ဖြစ်ပါတယ်။ ယခင်တစ်ပတ်က ၃၃၂၅တန်တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ တန်ချိန်၂၀၉၀ ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။
          ပင်လယ်ရေကြောင်းမှ ယခုတစ်ပတ်ဆန်ကွဲတင်ပို့မှုမှာ တန်ဖိုးအမေရိကန်ဒေါ်လာ ၁ ဒသမ ၁၂၇ သန်းနဲ့  တန်ချိန် ၄၂၅၀ ဖြစ်ပါတယ်။ ဆန်ကွဲတင်ပို့တဲ့နိုင်ငံများမှာ တရုတ် နိုင်ငံသို့တန်ချိန် ၅၀၊ အင်ဒိုနီးရှားနိုင်ငံသို့ တန် ချိန် ၂၀၀၀၊ အီးယူနိုင်ငံများသို့ တန်ချိန် ၂၂၀၀ ဖြစ်ပါတယ်။ ယခင်တစ် ပတ်က ဆန်ကွဲတင်ပို့မှုမှာ တန်ချိန် ၅၅၀ဖြစ်တဲ့အတွက် ယခု တစ်ပတ်ဆန်ကွဲတင်ပို့မှုမှာတန်ချိန် ၃၇၀၀   ပိုမိုလာကြောင်း သိရပါတယ်။

 

ယဉ်ယဉ်အေး

Border Trade News

Pages