ချင်းရွှေဟော်စခန်းမှသာ နှမ်းတင်ပို့မှုရှိ

Tue, 06/21/2016 - 08:21 -- admin_ygn

       ဇွန် ၄ ရက်မှ ၁၀ ရက်တာ သီတင်းပတ်အတွင်း မြန်မာ- တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကန် ဒေါ်လာ ၂၂၅၁၉၀ တန်ဖိုးရှိတဲ့ နှမ်းနက် ၁၆၀ တန်ကျော်နဲ့ ကန်ဒေါ်လာ ၁၉၈၆၀၀ တန်ဖိုးရှိ နှမ်းဖြူ ၁၆၄ တန်ကို တင်ပို့ခဲ့ ပါတယ်။
        ယခင်ရက်သတ္တပတ်က ချင်းရွှေဟော်မှ ၃၀၅ တန်နဲ့ မြဝတီမှ တန် ၆၀ ကျော် တင်ပို့ခဲ့တာကြောင့် ယခု တစ်ပတ်ရဲ့ နှမ်းတင်ပို့မှုမှာ ချင်းရွှေဟော်စခန်းတစ်ခုတည်းသာ ရှိခဲ့ပါ တယ်။  မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် မှ မေလဆန်းပိုင်း ကသာ နှမ်းတင်ပို့ခဲ့ပြီး  မူဆယ်ကုန်စည်ဒိုင် ဇွန် ၁၀ ရက်ရဲ့ နှမ်းဖြူ တစ်တန်ပေါက်ဈေးဟာ   မိမိဘက်ပေါက်ဈေးက ၁၄၂၅၀၀၀ ကျပ်၊ တစ်ဖက်နိုင်ငံဈေး ၈၀၀ ယွမ်နဲ့ နှမ်းနက်ဈေး မှာတော့  မိမိဘက်ပေါက်ဈေး ၂၁၄၁၈၄၆ ကျပ်၊ တစ်ဖက်နိုင်ငံ ဈေး ၁၂၀၀၀ ယွမ်ရှိခဲ့တယ်လို့ သိရပါတယ်။

 

မော်မော်အောင်

Border Trade News

Pages